အခန်း ၁၀၂

82 12 0
                                    

တခြားမိသားစုတွေလိုမဟုတ်ပဲ Sir Ainno ကတော့ သူ့မိသားစုနဲ့ တော်ဝင်ရဲတိုက်ထဲမှာပဲ တွေ့ဆုံကြသည်. ဒီရဲတိုက်က Sir Ainno အတွက် ကလေးဘဝတည်းက ဒုတိယအိမ်လိုဖြစ်ခဲ့သည်.
Sir Ainno က Duke Luzo ရဲ့နောက်မှာ ကိုယ်ရံတော်ဝတ်စုံအပြာဝတ်ကာ မတ်တပ်ရပ်နေတဲ့ သူ့ညီကို တွေ့လိုက်သည်.

Sir Jainno.

သူက Sir Ainno ထက် ၃ နှစ်ငယ်သည်. Sir Jainno ကလဲ Lucius ရဲ့ နယ်မြေသိမ်းတိုက်ပွဲမှာ ပါဝင်ချင်ခဲ့ပေမဲ့ မိသားစုအများစုကတော့ အိမ်မှာ ယောက်ျားလေးမိသားစုဝင်တစ်ယောက် ချန်ခဲ့ကြသည်. Sir Baufallo ရဲ့မိသားစု, Sir Aeke, Sir Beke နဲ့ Sir Deke တို့လို ဖြစ်ရပ်ကတော့ ရှားပါးဖြစ်စဉ်ဖြစ်သည်. ဒီနယ်မြေသိမ်းတိုက်ပွဲက အန္တရာယ်များတာကြောင့် ဒီလိုအလောင်းအစားက အန္တရာယ်များသည်.

ဒါပေမဲ့ Lucius က အောင်မြင်မှုရလိုက်တာကြောင့် ဒီမိသားစုတွေရဲ့ စွန့်စားမှု အရာထင်ခဲ့သည်. ဒီစစ်ထဲမှာ ပါဝင်ခဲ့တဲ့သူတွေက ဆုချီးမြှင့်ခံရမှာဖြစ်သည်.

Sir Ainno ရဲ့ Marquis Seki မိသားစုကတော့ သူတို့သားတွေအကုန်လုံးကို မပါဝင်စေခဲ့ပေ. သူတို့ရဲ့ သားအကြီးကိုတောင် စစ်ထဲပို့ချင်တာမဟုတ်ပေ. Sir Ainno က Lucius နဲ့ ခင်မင်မှုကြောင့်သာ စစ်ထဲကို လိုက်သွားခဲ့တာဖြစ်သည်.

Seki မိသားစုက Acreian တော်ဝင်မိသားစုတွေနဲ့ မျိုးဆက်ပေါင်းများစွာ ခင်မင်လာကြတာဖြစ်သည်. ဒါပေမဲ့ ဒီလိုရင်းနှီးမှုတွေ ရှိနေတာတောင်မှ သူတို့က သူတို့သားတွေကို စစ်ထဲမပို့ချင်ကြပေ. Sir Ainno က စစ်ထဲလိုက်မသွားရင်တော့ သူ့ညီ Sir Jainno က စစ်ထဲလိုက်သွားရနိုင်သည်.

နောက်တော့ Sir Jainno က Duke Luzo ရဲ့ ကိုယ်ရံတော်ဖြစ်လာတာကို ဂုဏ်ယူလိုက်သည်. ဒီနေရာက သမိုင်းမှာ သူရဲကောင်းတစ်ယောက်အဖြစ် မှတ်တမ်းတင်ခံရမှာ မဟုတ်ပေမဲ့ ဂုဏ်ယူဖွယ်ရာကိစ္စဖြစ်တာကြောင့် Sir Jainno က ကျေနပ်နေသေးသည်.

Sir Ainno နဲ့ Sir Jainno တို့က သိပ်မရင်းနှီးပေမဲ့ Sir Jainno က သူ့အစ်ကိုကို ပျော်ရွှင်စွာနဲ့ နှုတ်ဆက်လာသည်. ဒါက Sir Ainno ကနေ သူလိုချင်တာရှိလို့ဖြစ်သည်. Sir Ainno က Lucius ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်နေသရွေ့ သူက သူ့အစ်ကိုဆီကနေ ဒီနေရာကို ယူလို့မရပေ. ဒါပေမဲ့ မယုံနိုင်လောက်အောင်ပဲ Sir Ainno က ဒီရာထူးကို တိုင်းတစ်ပါးသား အမျိုးသမီးတစ်ယောက်ကို ပေးလိုက်ကာ အထူးတပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် ပြန်ရောက်လာသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now