အခန်း ၁၂၉

68 9 4
                                    

Poliana က ဆုံးဖြတ်ချက်ပြတ်သားဟန်နဲ့ ဖြေလိုက်သည်.

"ဒါပေါ့, ကျွန်မ အဖြေက 'လက်မထပ်ဘူး'ပဲ"

သူမရဲ့အဖြေကြောင့် Lucius က စိတ်သက်သာရာရသွားပေမဲ့ သူ့ကိုယ်သူလဲ စိတ်ပျက်သွားမိသည်.

'ငါ့ကိုယ်ငါ မုန်းလာပြီ'

Sir Ainno က အသည်းအသန်ရယ်နေဆဲဖြစ်ပြီး ဧကရာဇ်က သူ့သူငယ်ချင်းအရင်တုန်းက ပြောဖူးတာကို သတိရလိုက်သည်. Poliana ရဲ့ လက်ထပ်ပွဲကို Lucius က နည်းလမ်းပေါင်းစုံသုံးပြီး ဖျက်ဆီးပစ်မှာလို့ Sir Ainno က အရင်တုန်းက အကြိမ်များစွာ ပြောဖူးခဲ့သည်.

'Inno ပြောတာမှန်တယ်... ငါ.. ငါ မဖျက်ဆီးဘူးလို့ မပြောနိုင်ဘူး'

Poliana လက်မထပ်ရအောင်လို့ သူက တတ်နိုင်သလောက် ဆင်ခြေ‌တွေ အကြောင်းပြချက်တွေရှာမိမှာကို ဧကရာဇ်က သိနေသည်. သူက သူ့ကိုယ်သူစိတ်ပျက်နေသည်. ဒီကမ္ဘာမှာ သူက အာဏာအရှိဆုံးဖြစ်ပေမဲ့ ဒီအချက်ကြောင့်ပဲ သူက သေချာစဉ်းစားလုပ်ဆောင်ဖို့ လိုနေသည်. သူချစ်နေတဲ့ အမျိုးသမီးက သူ့အရှေ့မှာ မတ်တပ်ရပ်နေကာ သူ့ကို ချစ်ခင်စွာနဲ့ ကြည့်နေတာကြောင့် သူက ပိုပြီး စိတ်ရှုပ်နေသည်.

"Sir Pol, ငါ.... ငါ မင်းကို အရ.. ရင်တုန်းက ပြောဖူးပါတယ်. သင့်တော်တဲ့လူတစ်ယောက်တွေ့ရင်, မ... မင်း လက်...လက်ထပ်..သင့်တယ်"

သူမရည်ရွယ်ပေမဲ့ Lucius က သူ့စကားကို ကောင်းကောင်းမပြောနိုင်ဘူးဖြစ်နေသည်. Poliana ကတော့ ဧကရာဇ်က အလုပ်တွေ အရမ်းထပ်လုပ်နေပြန်ပြီလို့ တွေးလိုက်သည်. သူက အရမ်းပင်ပန်းနေလို့ စကားတောင်ကောင်းကောင်းမပြောနိုင်တော့ဘူးလား? ဒါမှမဟုတ် တစ်ခုခုဖြစ်ခဲ့လို့လား?

Poliana က ပြန်ဖြေလိုက်သည်.

"ဒါပေမဲ့ Sir Donau က ကျိုးကြောင်းမသင့်လျော် ကျေးဇူးမသိတတ်ဘူးလို့ အရှင် မထင်ဘူးလား?"

"ကျေးဇူးမသိတတ်ဘူး?"

"သူ့အတွက် အရမ်းကောင်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ဖို့စီစဉ်ပေးထားတာလေ, အဲ့တာကို ဘာလို့ သူက ကျွန်မကို လက်ထပ်ခွင့်တောင်းရတာလဲ? ပြီးတော့ ကျွန်မကိုချစ်လား လို့ သူ့ကို မေးလိုက်တယ်. သူက ကျွန်မကို အဖြေတောင်မပေးနိုင်ဘူး. သူက ဘာတစ်ခွန်းမှတောင် မဟတော့ဘူး. အထက်တန်းလွှာလူကြီးလူကောင်း‌တွေပြောရမဲ့ ကျွန်မကိုချစ်ပါတယ်ဆိုတဲ့ အလိမ်အညာစကားမျိုးတောင် မပြောနိုင်ဘူး. ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်လဲ! ပြီးတော့ သူက သွေးပူနေလို့သာ လက်ထပ်ခွင့်တောင်းလိုက်တာ. တကယ်လို့ ကျွန်မလက်ခံလိုက်ရင် သူနောင်တရသွားမှာသေချာတယ်. ပြီးတော့ ကျွန်မ Sir Baufallo နဲ့ Sir Rabi တို့ကို ဒီလိုလုပ်လို့မဖြစ်ဘူးလေ. ဒါကြောင့် Sir Donau က ကျွန်မနဲ့ မလိုက်ဖက်ပါဘူး အရှင်"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now