အခန်း ၁၆၀

51 7 0
                                    

Cekel က သူမလက်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်.

"သူ့ဟာက... အဲ့တာက ကြီးတယ်"

'အားးးးးးးးးး. သူ့ဟာက ကြီးတယ်'

Cekel မှာ အစ်ကိုနှစ်ယောက်နဲ့ မောင်တစ်ယောက်ရှိတာကြောင့် ယောက်ျားလေးအစိတ်အပိုင်းရဲ့ ပျမ်းမျှအရွယ်အစားကို သိနေသည်. Acreia မှာ ရေချိုးကန်တွေက နာမည်ကြီးပြီးတော့ အမျိုးသားတွေက ပြင်ပရေချိုးကန်တွေမှာ မကြာခဏရေချိုးလေ့ရှိကာ အဝတ်မဝတ်ပဲ အိမ်ပြန်လေ့ရှိကြသည်. Cekel ကလဲ သူမရဲ့ အစ်ကိုတွေ မောင်တွေ အဝတ်မပါပဲ မြင်ဖူးနေသည်.

တကယ်လို့ Cekel က Sir Ainno မှာ သာမာန်အရွယ်အစားသာရှိမယ်လို့ ထင်ခဲ့ပြီး သူ့ရဲ့ အရွယ်အစားက တကယ်ပဲ သာမာန်ထက်ပိုကြီးနေခဲ့ရင်... ဒီနည်းလမ်းက အလုပ်ဖြစ်မှာ မဟုတ်ပေ. သူ့ကို ထိတွေ့ကိုင်တွယ်ပြီးတော့ ရယ်ပစ်ဖို့က ပိုတောင်ခက်ခဲဦးမည်. ပြီးတော့ တကယ်လို့ သူမက ရယ်ခဲ့ရင်တောင်မှ သူမ လိမ်ညာနေမှန်း သူသိသွားလောက်သည်.

သူမရဲ့ နောက်ဆုံးနည်းလမ်းက အလုပ်မဖြစ်တော့ Cekel က Sir Ainno ကို ရှောင်ရှားဖို့ပဲ အာရုံစိုက်လိုက်တော့သည်. သူမက အိမ်ကိုတောင် မပြန်ဖြစ်တော့ပဲ မောင်းမဆောင်မှာသာ နေထိုင်စားသောက်နေတော့သည်. Sir Ainno က Sir Beke နဲ့ Deke တို့ရဲ့ အထက်အရာရှိဖြစ်ပြီး သူက သူတို့အိမ်ကို အချိန်မရွေးလာလည်နိုင်တာကြောင့် ဒါက အကြံကောင်းတစ်ခုဖြစ်သည်.

ဒီအချိန်မှာတော့ Sir Ainno က Cekel ကို အမှန်တကယ်ချစ်မြတ်နိုးတာရော ဟုတ်ရဲ့လားဆိုတာကို Poliana က သိချင်နေသည်. Lady Cekel ကတော့ အဲ့လိုမဖြစ်နိုင်ဘူးလို့ သေချာနေသည်.

သူတို့စတွေ့တုန်းက အကြောင်းကို Cekel က ရှင်းပြလာသည်. အဲ့တာက အရမ်းအနေရခက်တဲ့ အနေအထားမျိုးဖြစ်ခဲ့သည်. ဒါပေမဲ့ သူတို့နှစ်ယောက်တည်းကျန်နေချိန်မှာတော့ Sir Ainno က သူမကို နမ်းခဲ့သည်. အဲ့နေ့ကစပြီး အခွင့်အရေးရတိုင်း Sir Ainno က သူမအပေါ် အသားယူခဲ့သည်. သူက သူမကို အတင်းဖက်တာပဲဖြစ်ဖြစ် သူ့ကိုယ်နဲ့ ပိတ်ထားလို့ရအောင် နံရံဘက်တွန်းကပ်တာပဲဖြစ်ဖြစ် လုပ်တတ်သည်. သူမရဲ့ နာမည်ထိခိုက်စေမဲ့ အရာတွေအများကြီးကို လုပ်ခဲ့ပေမဲ့ Sir Ainno က သူမကို စိတ်ဝင်စားနေကြောင်းနဲ့ ပိုးပန်းနေတဲ့အကြောင်းကိုတော့ လူတွေသိအောင် မပြောခဲ့ပေ.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now