အခန်း ၁၂၃

85 10 0
                                    

ဧကရာဇ်ရလာတဲ့ ရလဒ်ကတော့ သူလိုချင်တာမျိုးမဟုတ်ခဲ့ပေ.Poliana ကို လက်ထပ်ဖို့ စိတ်ဝင်စားတဲ့သူတွေက အသက်ကြီးတဲ့ မုဆိုးဖိုတွေသာဖြစ်နေကြပုံရသည်

Lucius ရဲ့ ဝမ်းနည်းမှုတွေက သိသာလာနေသည်. နောက်ဆုံးတော့ သူက အလုပ်တွေ တောင်လိုပုံနေတဲ့ Duke Luzo ကို ခေါ်ကာ Poliana အတွက် သင့်တော်ကောင်းမွန်တဲ့ ခင်ပွန်းလောင်းစာရင်းကို လုပ်ခိုင်းလိုက်သည်. Duke Luzo က စိတ်ရှုပ်သွားကာ မျက်မှောင်ကြုံ့လိုက်ပေမဲ့ ညီဝမ်းကွဲကောင်းတစ်ယောက်ဖြစ်တာကြောင့် သူခိုင်းတာကို လုပ်ပေးလိုက်သည်.

နောက်ထပ် ရက်အနည်းငယ်ကြာတော့ Duke Luzo က စာရင်းကို ဧကရာဇ်ကို ပြလိုက်သည်. Lucius က မေးလိုက်သည်.

"ဒါဘာတွေလဲ?"

"အရှင် ကျွန်တော့်ကို လုပ်ခိုင်းတဲ့စာရင်းလေ. Sir Poliana အတွက် သင့်တော်မဲ့ ခင်ပွန်းလောင်းစာရင်း"

"ဒါပေမဲ့ ငါမင်းကို ခိုင်းတာက   လူကောင်းစာရင်းလေ"

"ဒီလူတွေက အတင်းဖိအားပေးစရာမလိုပဲ Sir Poliana ကို လက်ထပ်နိုင်ကြတဲ့ လူတွေလေ"

"ဘာ?! ဒါပေမဲ့ ဒီလူတွေက အကုန်လူအိုတွေနဲ့ မုဆိုးဖိုတွေလေ! ပြီးတော့ သူတို့ထဲက အများစုက Sir Pol ထက် ဆင်းရဲပြီး အဆင့်နိမ့်နေသေးတယ်!"

"အရှင်, အရှင့်ရဲ့ သဘောထားကြီးမြတ်မှုကြောင့် Sir Pol ထက် ချမ်းသာတဲ့လူ သိပ်မရှိတော့ဘူး. ပြီးတော့ တကယ်လို့ အဲ့ယောက်ျားက ချမ်းသာနေရင် သူက ဘာလို့ Sir Poliana လို အမျိုးသမီးကို လက်ထပ်မှာလဲ?"

Lucius က ဒေါသထွက်လာသည်. သူက စိတ်ရှုပ်စွာနဲ့ သူ့ရင်ဘတ်ကို ထုနေသည်. Sir Pol က ဒီလောက်ချစ်ဖို့ကောင်းတာကို! လူတွေက ဘာလို့ မမြင်နိုင်ကြတာလဲ? သူတို့တွေက ကန်းနေကြတာလား? ဧကရာဇ်က Duke ကို ပြောလိုက်သည်.

"ဒါပေမဲ့ ငါက သူမကို ထပ်ပြီးတော့ နယ်မြေတွေနဲ့ ဘွဲ့တွေတောင်ပေးဦးမှာ. သူမက ငါအနှစ်သက်ဆုံးစစ်သည်လေ!"

"သူမကို လက်ထပ်မဲ့ယောက်ျားကို သိုက်တူးသမားလို့ ခေါ်ကြလိမ့်မယ်. ဘယ်စိတ်မှန်တဲ့ယောက်ျားက အဲ့လိုအခေါ်ခံချင်မလဲ?"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now