အခန်း ၁၄၅

69 5 2
                                    

အကူတွေက Poliana ရဲ့မျက်နှာက ဒဏ်ရာကိုဆေးကြောလိုက်ကာ ဆေးလိမ်းပေးလိုက်ကြသည်. သူမနားမှာ လူတွေအုံနေတာကြောင့် Poliana က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ထွက်ပြေးဖို့ အခွင့်ကို စောင့်နေသည်. လူတွေအနည်းငယ်ငြိမ်သွားချိန်မှာတော့ သူမကပြောလိုက်သည်.

"ငါသွားနားတော့မယ်"

ဧကရာဇ်နဲ့ သူ့ဇနီးတွေက သူမကို တားဆီးဖို့ ကြိုးစားခဲ့ပေမဲ့ Poliana က ငြင်းဆန်လိုက်သည်. သူမက သဘောပေါက်စွာနဲ့ ပြုံးပြလိုက်ကာ အမြန်ထွက်သွားလိုက်သည်. Poliana က တော်ဝင်မိသားစုကို ကူညီဖို့ ကြိုးစားနေတာဖြစ်သည်. သူတို့တွေက အသစ်စက်စက်လက်ထပ်ထားတဲ့ စုံတွဲတွေဖြစ်တာကြောင့် သူမက သူတို့အတွက် သီးသန့်အချိန်တွေ ပိုပြီး ရစေချင်တာဖြစ်သည်. သူမက သူတို့ကို နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်လှည့်ကြည့်လိုက်တော့ ဧကရာဇ်ရဲ့ဇနီးတွေက ပျော်ရွှင်ကျေနပ်နေတာကို သူမ မြင်လိုက်နိုင်သည်.

'သူတို့ ကလေးတွေ မြန်မြန်ရဖို့ ဆုတောင်းတယ်. မင်းသမီးလှလှလေးဆို ပိုကောင်းမှာ'

ဧကရာဇ်နဲ့ သူ့ဇနီးတွေက လှပတာကြောင့် သူတို့ကလေးတွေကလဲ လှပမှာသေချာသည်. ဒီရဲတိုက်ထဲမှာ တော်ဝင်ကလေးငယ်လေးတွေရှိလာမှာကို စဉ်းစားမိတာနဲ့တင် Poliana က ပျော်ရွှင်နေသည်.

"Marquess"

ရုတ်တရက် အကူတစ်ယောက်က သူမနာမည်ကို လှမ်းခေါ်တာကို ကြားလိုက်သည်. Poliana လှည့်ကြည့်လိုက်တော့ အဲ့တာက Cekel ဖြစ်နေသည်. တရားဝင်အပျိုကြီးဖြစ်လာတဲ့ Cekel Ingreter က သူမဘယ်တော့မှ လက်မထပ်တော့ဘူးလို့ ကြေငြာထားတာ သိပ်မကြာသေးပေ. သူမရဲ့အဆင့်အတန်းက နိမ့်နေပေမဲ့ သူမက Tory ရဲ့ အကူတွေထဲက တစ်ယောက်အဖြစ် ခန့်အပ်ထားခြင်းခံခဲ့ရသည်.

Ingreter ညီအစ်ကို ၃ ယောက်လုံးက Lucius နောက်ကို လိုက်ကာ စစ်ပွဲမှာ ပါဝင်ခဲ့တာကြောင့် သူတို့တွေကို သိသာကောင်းမွန်တဲ့ ရာထူးနေရာတွေ ချီးမြှင့်မှာဖြစ်သည်. သူတို့မိသားစုအတွက် တည်ငြိမ်ကောင်းမွန်တဲ့ အနာဂါတ်ရှိနေတာကြောင့် Cekel အတွက် အထက်တန်းမိသားစုတွေကနေ လက်ထပ်ဖို့ ကမ်းလှမ်းလာနိုင်ပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် Cekel က ခင်ပွန်းရှာဖို့ လက်လျော့ခဲ့သည်. သူမနဲ့ပတ်သက်ပြီး ကောလဟာလတွေ အများကြီးရှိကာ အများစုက မကောင်းတဲ့သတင်းတွေဖြစ်သည်. Poliana က ဒီအကြောင်းတွေ မကြားချင်တာကြောင့် နားမထောင်ဖြစ်တာကြာပြီဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now