အခန်း ၄၆

94 16 1
                                    

နောက်တစ်ရက်မှာတော့ ပြိုင်ပွဲအတွက် လေ့ကျင့်နေတဲ့ Sir Ainno က ချွေးတရွှဲရွှဲနဲ့ရောက်လာကာ သူမကို ဒေါသတကြီး အမိန့်ပေးလာသည်

"ငါ့နောက်လိုက်ခဲ့!"

သူမက သူ့နောက်ကိုလိုက်သွားတဲ့အခါ တခြားစစ်သည်တွေက သူမကို စာနာသနားစွာနဲ့ ကြည့်လာကြသည်

သူတို့လမ်းလျှောက်နေရင်း Poliana က သူအရမ်းပင်ပန်းနေတာကိုတွေ့တဲ့တော့ သူမက သူ့ကိုပြောလိုက်သည်

"Sir Ainno ရှင့်ကို ကြည့်ရတာ အနားယူဖို့လိုနေပြီ"

"အရှင့်ဘေးနားမှာ ငတုံးတစ်ကောင်ကို မတ်တပ်ရပ်ခွင့် ငါမပေးနိုင်ဘူး. ဒါကြောင့် ငါမင်းကို အထူးသင်တန်းပေးရမယ်"

"Sir ရှင်က အခုလေးတင် သင်တန်းပေးပြီးတာလေ. ရှင်တကယ်အနားယူဖို့လိုနေပြီ"

"မင်း!"

Sir Ainno က သူမကို ခေါင်းအစခြေအဆုံးသေချာကြည့်လိုက်ပြီး သူမခေါင်းကို ရိုက်လိုက်တယ်

နာလိုက်တာ, သူမက အရင်လို အကူအညီမဲ့နေတဲ့ အနေအထားမျိုးမဟုတ်တော့ဘူး. ပြီးတော့ သူမက Sir Rabi လက်အောက်က စစ်သည်တစ်ယောက်. သူမမှာ ဆန္ဒပြပိုင်ခွင့်ရှိသည်

"ရှင်ဘာလို့ ကျွန်မကို ရိုက်ရတာလဲ?"

"မင်းဒီလိုပုံစံနဲ့ အရှင့်ဘေးနားမှာ နေလို့ရမယ်ထင်နေလား? သွား.. သန့်ရှင်းရေးသွားလုပ်.. မင်းက ညစ်ပတ်နေတာပဲ!"

"ဒါပေမဲ့ ကျွန်မ ပြီးခဲ့တဲ့ တစ်ပတ်ကတင် သန့်ရှင်းရေးလုပ်ထားတာ!"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဒါပေမဲ့ ကျွန်မ ပြီးခဲ့တဲ့ တစ်ပတ်ကတင် သန့်ရှင်းရေးလုပ်ထားတာ!"

Sir Ainno ရဲ့မျက်လုံးတွေက အထိတ်တလန့်ဖြစ်သွားတာကြောင့် Poliana က သိချင်သွားတယ်

Sir Ainno ရဲ့မျက်လုံးတွေက အထိတ်တလန့်ဖြစ်သွားတာကြောင့် Poliana က သိချင်သွားတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now