အခန်း ၁၀၇

81 9 1
                                    

အဲ့တာက Sir Rabi ရဲ့ ဒရယ်လေး Rosy ဖြစ်သည်. Rosy က Vaxi နဲ့ Vanessa ကို မသိတာကြောင့် ဒီအကောင်လေးက သူမနဲ့ ရင်းနှီးတဲ့ Poliana ဆီကို သွားလိုက်သည်. Rosy က Poliana ဆီသွားလိုက်ကာ သူမကို ပုတ်ပေးလာမှာကို စောင့်နေသည်.

ဒီမွေးထားတဲ့ဒရယ်လေးက အရမ်းချစ်ဖို့ကောင်းနေသည်. Sir Rabi က အခုတလော သူမနဲ့ သိပ်မဆော့ဖြစ်တာကြောင့် သူမက အရမ်းဆော့ကစားချင်နေပုံရသည်.

"အို.. ဒရယ်လေးငါတို့ဆီကို လာနေပြီ!"

"ညီမတို့ သူ့ကိုထိမလို့လုပ်တိုင်း သူမကထွက်ပြေးသွားတာ!"

အမွှာတွေရဲ့ စကားသံကြားတော့ ဒရယ်လေးက ထခုန်လိုက်တယ်. သူတို့ ငြိမ်သွားတော့ Rosy က သူမကို ဖြည်းညှင်းစွာပွတ်သပ်ပေးနေတဲ့ Poliana ဆီကို ထပ်လျှောက်လာပြန်သည်.. သူမအရေပြားက နူးညံ့နေသည်. Poliana က Rosy ရဲ့သားရေနဲ့ လက်အိတ်လုပ်ဖို့ ခေါင်းမမာခဲ့တာကို ဝမ်းသာမိနေသည်.

Poliana က Rosy ကို ပွတ်သပ်ပေးနေပြီး Vaxi နဲ့ Vanessa တို့ကလဲ သူမကို ပွတ်သပ်ချင်နေသည်.

"ဝိုး.. အရမ်းလှတဲ့ ဒရယ်လေးပါလား!"

"ညီမတို့ မြောက်ပိုင်းက ဒရယ်တွေက အကောင်ကြီးပြီးတော့ ကြောက်စရာကောင်းတယ်လေ. ဒါပေမဲ့ တောင်ပိုင်းကတိရစ္ဆာန်တွေက ပိုလှတာပဲ"

"ဒါပေမဲ့ ညီမတို့ သူမအတွက်တော့ စိုးရိမ်နေသေးတယ်. ညီမတို့အဖေက တောင်ပိုင်းက ခွေးတွေပါ ခေါ်လာတာလေ. ဒါပေမဲ့ အဲ့အကောင်တွေက အမွှေးအရမ်းပါးတော့ မြောက်ပိုင်းက ရာသီဥတုမျိုးမှာ အသက်ရှင်ပါ့မလားတော့ မသိဘူး"

"Sir Poliana ဒီဒရယ်လေးကရော ဆောင်းတွင်းကျရင် အဆင်ပြေပါ့မလား? ညီမပြောချင်တာက သူမက အရမ်းငယ်ပြီးတော့ သူမအမွှေးတွေကလဲ တိုတိုလေးလေ"

Poliana က ပြန်ဖြေလိုက်သည်.

"သူမကို အိမ်ထဲပေးနေရင် အဆင်မပြေဘူးလား?"

"ညီမတို့အမေက သူမကို အထဲပေးဝင်မှာမဟုတ်ဘူး?"

"ဒါပေမဲ့ ခွေးတွေကျတော့ မြင်းဇောင်းထဲပေးဝင်တာငါတွေ့လိုက်တယ်.."

"ဟုတ်တယ်. ဒါပေမဲ့ ညီမတို့ ဒီဒရယ်ကို ကျီထဲတောင်ပေးဝင်လို့မရဘူး ခွေးတွေကိုက်မှာစိုးလို့"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now