အခန်း ၁၄၂

60 6 0
                                    

Sir Ainno က စိတ်ရှုပ်ပြီး မျက်မှောင်ကြုံ့လိုက်တာကို Poliana သတိထားမိလိုက်သည်. အဲ့တာက အမျိုးသမီးတွေဝတ်ဆင်ထားတဲ့ ကျောက်မျက်ရတနာတွေထက် ပိုပြီးတောက်ပနေတဲ့ ဆီရွှဲနေတဲ့ Duke Luzo ရဲ့ ဆံပင်ပုံစံကြောင့်ဖြစ်သည်. သူက ဧကရာဇ်နဲ့ စကားပြောနေပြီး ဒီအထက်တန်းလွှာက လူငယ်လေးနှစ်ယောက်ကို အတူတူမြင်ရတာက အရမ်းကြည့်ကောင်းတဲ့ မြင်ကွင်းဖြစ်သည်. သူတို့နှစ်ယောက်က အနည်းငယ်ရုပ်ချင်းဆင်တာကို Poliana မြင်လိုက်နိုင်သည်. လက်ထပ်ပြီးသွားတဲ့ Duke Luzo က အနည်းငယ်ပိန်သွားကာ ပိုပြီးလဲ ကြည့်ကောင်းလာသည်.

'သူ့ဆံပင်တွေပါးနေတာကတော့ ပြန်မထွက်လာတော့ဘူးထင်တယ်...'

သူ့ရဲ့ ဆုံးရှုံးသွားတဲ့ဆံပင်တွေ ပြန်မရနိုင်တာကတော့ အလွန်ဝမ်းနည်းဖို့ကောင်းတာပဲဖြစ်သည်. Sir Ainno က ဧကရာဇ်ရဲ့ သတို့သားအရံဖြစ်ဖို့ ငြင်းဆန်ခဲ့တာကြောင့် Duke Luzo က သတို့သားအရံဖြစ်လာပုံရသည်. အဆုံးသတ်မှာတော့ Lucius က သတို့သားအရံမထားဖို့ ဆုံးဖြတ်ခဲ့သည်. Poliana က Sir Ainno ဘက်လှည့်ကာ သိချင်စိတ်အပြည့်နဲ့ မေးလိုက်သည်.

"အရှင့်ရဲ့ သတို့သားအရံ ဘာလို့ မလုပ်ပေးတာလဲ?"

Sir Ainno က ဧကရာဇ်ရဲ့ ကိုယ်ရံတော်ဖြစ်သလို သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းလဲဖြစ်နေတာကို Poliana သိနေခဲ့သည်. သူမက သူလုပ်နိုင်သမျှအားလုံးလုပ်ပေးမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ Sir Ainno က သူ့တာဝန်ကို အကြောင်းပြကာ ငြင်းဆန်ခဲ့သည်. ဒီသတင်းကိုကြားတော့ လူတိုင်းကလဲ အံ့ဩသွားကြသည်.

တချို့ကတော့ ဧကရာဇ်က ဧကရီနဲ့ လက်ထပ်ပွဲမဟုတ်ပဲ သာမာန်ဇနီးတွေကိုသာ လက်ထပ်တာဖြစ်လို့ Sir Ainno က သတို့သားအရံမလုပ်ပေးတာလို့ ထင်လိုက်ကြပေမဲ့ ဒီလူတွေက Sir Ainno ကိုသေချာနားမလည်ကြပေ.

Poliana သိထားတဲ့ Sir Ainno က ဧကရာဇ်ရဲ့ လက်ထပ်ပွဲတိုင်းမှာ သတို့သားအရံအဖြစ် လုပ်ပေးမှာဖြစ်သည်. Sir Ainno က Acreia ရဲ့ အကောင်းဆုံးစစ်သည်ဖြစ်တာကြောင့် ဒါက အဓိပ္ပါယ်ရှိတယ်လို့ ယူဆလို့ရသည်. သူက ဧကရာဇ်ရဲ့ ညာလက်ရုံးဖြစ်တဲ့အပြင် သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းလဲဖြစ်သည်.Sir Ainno က သိပ်အရေးမထားဟန်နဲ့ ပြန်ဖြေလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now