အခန်း ၁၅၇

66 6 0
                                    

Lady Rebecca က ဆက်ပြောလာသည်.

"နံရံအတားအဆီးတစ်ခုဆိုတာက လူတစ်ယောက်တည်းရဲ့အားနဲ့ ဖျက်ဆီးလို့မှ မရတာ.. ဒီနံရံနောက်မှာ ပိတ်မိနေတဲ့လူတိုင်းက ဒီအတားအဆီး အခက်အခဲတွေကို တွန်းထုတ်ရမှာ.. ဒီနံရံနောက်က လွတ်မြောက်ဖို့က... အမျိုးသမီးတစ်ယောက်ချင်းစီက ကြိုးစားအားထုတ်သင့်တာ.. ကိုယ့်ရဲ့လွတ်လပ်မှုအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်မှ ဒီရလဒ်က တန်ဖိုးရှိမှာမလား. ဒါကြောင့် Marquess Winter ရှင် ဘာမှ လုပ်ပေးဖို့ မလိုပါဘူး. ရှင့်ရဲ့တည်ရှိနေမှုကတင် လုံလောက်နေပါပြီ. ရှင့်ရဲ့ တည်ရှိမှုက ကျွန်မတို့အနေနဲ့လဲ ဒီနံရံနောက်ကနေ လွတ်မြောက်နိင်တယ်ဆိုတဲ သက်သေပဲ. ရှင်နဲ့တွေ့ပြီးတဲ့နောက် ကျွန်မမှာ ပိုပြီးတော့ မျှော်လင့်ချက်ရှိလာတယ်. ဒီမမြင်ရတဲ့ နံရံကနေ လွတ်မြောက်နိုင်တယ်ဆိုတာ ရှင်က ကျွန်မတို့အတွက် သက်သေပြပေးခဲ့တာ. ဒါကြောင့် ရှင့်ရဲ့ တည်ရှိမှုကတင် ကျွန်မတို့အားလုံးအတွက် မျှော်လင့်ချက်ရဲ့ သင်္ကေတပဲ"

သူမရဲ့ ရှည်လျားတဲ့ဝန်ခံမှုပြီးတဲ့နောက်တော့ Rebecca က အသက်ရှုရပ်သလိုဖြစ်သွားခဲ့သည်. သူမက အရမ်းပင်ပန်းသွားပုံရသည်. Poliana က သူမရဲ့လက်ဖက်ရည်ခွက်ကို ထိနေရင်းနဲ့ Lady Rebecca ပြောခဲ့တာတွေကို စဉ်းစားနေသည်. 'သူမကိုယ်တိုင်နဲ့ပတ်သက်ပြီး သူမမှာ ဘာမျှော်လင့်ချက်မှမရှိတဲ့အကြောင်း' သူမက ဧကရာဇ်ရဲ့ဇနီးတစ်ယောက်ဖြစ်ပြီး ဒီတိုင်းပြည်ရဲ့ အရေးအကြီးဆုံးလူတစ်ယောက်ဖြစ်သည်. သူမရဲ့ မွေးဖွားလာတဲ့အဆင့်အတန်းကတင် သူမအတွက် ခိုင်မာတဲ့ရပ်တည်ချက်ဖြစ်ခဲ့သည်.

Rebecca ကို စံပြအမျိုးသမီးတစ်ယောက်အဖြစ် သတ်မှတ်ထားတာကြောင့် သူမကို Luciucs နဲ့ လက်ထပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်သည်. သူမ အမှန်တကယ်ဖြစ်ချင်တာကို ပိုင်ဆိုင်ဖို့အတွက် Rebecca ဒီ "အကောင်းဆုံးအမျိုးသမီး"ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လျော့ရမှာဖြစ်သည်. ဒါပေမဲ့ သူမရဲ့ အဆင့်အတန်းကို လက်လျော့လိုက်ရင် သူမရဲ့ အခြေအနေတွေက Poliana ရဲ့ လက်ဖက်ရည်ခွက်ထဲမှာ အရည်ပျော်သွားတဲ့ သကြားခဲလိုမျိုးပဲ ပျောက်ကွယ်သွားမှာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now