အခန်း ၁၈၂

40 3 0
                                    

ပုံမှန်အားဖြင့်တော့ တပ်ဖွဲ့တစ်ခုလုံးရဲ့ခေါင်းဆောင်အနေနဲ့ လုပ်စရာတွေ သိပ်မရှိပေ. Sir Ainno လိုမျိုးလူကလွဲလို့ အဆင့်မြင့်အရာရှိအများစုက သူတို့ဓါးတွေကို သိပ်အသုံးပြုလေ့မရှိပေ.

စစ်သည်တွေ အသက်ကြီးလာတာနဲ့ ဒီလိုဖြစ်ရပ်မျိုးကြုံရတာဖြစ်သည်. သူတို့က အသက်ကြီးလာတဲ့အချိန်မှာ နိုင်ငံရေးလောကထဲဝင်ရောက်သွားကြကာ စစ်သည်တွေက အတွေ့အကြုံတွေ ပိုရလာကြပေမဲ့ သူတို့ရဲ့ ခံနိုင်ရည်နဲ့ လျင်မြန်မှုတွေကတော့ လျော့ကျသွားသည်. Poliana က မောင်းမဆောင်အတွက် တာဝန်ယူထားတာဖြစ်ပြီး တကယ့်လက်တွေ့မှာတော့ သူမလုပ်ဖို့လိုတာက မောင်းမဆောင်နေရာတစ်ဝိုက်ကို အကြိမ်အနည်းငယ်လောက် လှည့်ပတ်စစ်ဆေးတာပဲဖြစ်သည်. တကယ့်လက်တွေ့လုပ်ရမဲ့အလုပ်တွေကို သူမရဲ့လူတွေက လုပ်ပေးရမှာ ဖြစ်သည်.

ဒါပေမဲ့ Poliana ကတော့ ရုံးခန်းထဲမှာထိုင်နေဖို့ကို ငြင်းဆန်ခဲ့သည်. သူမက သူမရဲ့အစောင့်တွေကို တာဝန်ခွဲပေးထားပေမဲ့ Poliana က လုပ်ငန်းအားလုံးမှာ တက်ကြွစွာနဲ့ ပါဝင်လုပ်ကိုင်လေ့ရှိသည်. သူမက စောင့်ကြည့်ရမဲ့ နေရာတစ်ဝိုက်ကို မကြာခဏလှည့်ပတ်သွားလာတတ်တာကြောင့် သူမရဲ့လူတွေက စိတ်ရှုပ်သွားတတ်သည်. အလုပ်ကြိုးစားတဲ့ ခေါင်းဆောင်ရှိနေတာကြောင့် သူမရဲ့လူတွေကလဲ ပိုပြီး အလုပ်ကြိုးစားနေရသည်.

ဒီနေ့မှာတော့ မောင်းမဆောင်ကို သွားမဲ့အစား Poliana က လေ့ကျင့်ရေးကွင်းဘက် သွားလိုက်သည်. သူမရဲ့အစောင့်တွေက သူတို့ရဲ့ ခေါင်းဆောင်ကိုတွေ့တော့ အထိတ်တလန့်နဲ့ အလေးပြုလာကြသည်. သူတို့က အော်ဟစ်ကာ

"ကြိုဆိုပါတယ် ခေါင်းဆောင်!"

"ဒီကို ဘာလာလုပ်တာလဲ?"

"ကျွန်တော်တို့ အလုပ်ကြိုးစားနေပါတယ် ခေါင်းဆောင်! ကျွန်တော်တို့ အလေမလိုက်ပါဘူး!!"

Poliana က လေ့ကျင့်ရေးလုပ်နေကြတဲ့ သူမရဲ့အစောင့်တွေကို ကျွမ်းကျင်စွာနဲ့ သေချာစစ်ဆေးအကဲခတ်လိုက်သည်. ပြီးတော့ သူမက လက်ရမ်းပြလိုက်ကာ အမိန့်ပေးလိုက်သည်.

"သက်သာ"

"ဟုတ်ကဲ့ Ma'am!"

"ငါ မြှားပစ်လေ့ကျင့်ချင်တယ်"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now