အခန်း ၁၈၅

42 5 0
                                    

Frau ကို ရဲတိုက်ကနေ မောင်းထုတ်လိုက်ရင် သူ့ကို Poliana နဲ့ခွဲပြီးသားဖြစ်သွားလိမ့်မယ်လို့ Lucius က ထင်ခဲ့သည်. ဒါပေမဲ့ Poliana က Frau ကို သွားရှာနိုင်တယ်ဆိုတဲ့ဖြစ်နိုင်ချေကို ထည့်မစဉ်းစားမိတာက ဧကရာဇ်ရဲ့အမှားဖြစ်သွားသည်.

ပြည်သူ့ဆေးရုံမှာ ရောက်နေတဲ့ Frau ဆီကို Poliana သွားလည်ခဲ့တဲ့နေ့ကစပြီးတော့ Poliana က သူ့ဆီကို သူမအလုပ်ပြီးတိုင်း မကြာခဏသွားလည်တတ်သည်. သူတို့က ဘာမှ ထွေထွေထူးထူးလုပ်တာတော့မရှိပေ. Frau က သူ့အလုပ်ကို သူဆက်လုပ်ပြီး Poliana ကတော့ သူအလုပ်လုပ်ကို စောင့်ကြည့်တတ်သည်. သူ့အလုပ်ချိန်ပြီးသွားတဲ့အခါ သူတို့က အတူတူစားသောက်ဖို့ သွားတတ်သည်. Poliana နာမည်ကြီးပြီး အလုပ်များတဲ့သူဖြစ်တာကြောင့် သူတို့က နေ့တိုင်းတော့မတွေ့ဖြစ်ကြပေ. သူမကို ဖိတ်ခေါ်တဲ့နေရာတွေကို သွားရတာကြောင့် သူမက Frau နဲ့ ညနေခင်းတိုင်း အချိန်မဖြုန်းနိုင်ပေမဲ့ မကြာခဏတော့ တွေ့ဖြစ်ကြသည်.

Poliana က မကြာခဏဆိုသလို ပိုပြီးတော့ ပြုံးရယ်တတ်လာသည်. ဒီရက်ပိုင်းမှာ သူမက ပျော်ရွှင်နေပြီးတော့ Frau ကို ချစ်စရာကောင်းတယ်လို့ သူမထင်နေသည်. သူက အလုပ်ကြိုးစားကာ သူမက ဒီအချက်ကို သဘောကျသည်. တစ်ခါတစ်ရံ သူမ မြေကြီးပေါ်ထိုင်ချတော့မဲ့အချိန်မျိုးမှာ Frau က သူ့ရဲ့ သန့်ရှင်းတဲ့ လက်ကိုင်ပုဝါကို သူမထိုင်ဖို့ ခင်းပေးတတ်သည်. တစ်ခါတစ်ရံ သူမလှေကားတက်တော့မဲ့ အချိန်မျိုးမှာ သူက သူမအတွက် လက်ကမ်းပေးတတ်သည်. Frau က သူမကို မိန်းမတစ်ယောက်အဖြစ် မြင်နေတာ သေချာပြီးတော့ သူမကိုလဲ အမျိုးသမီးတစ်ယောက်လို သေချာဆက်ဆံခဲ့သည်.

Poliana က ဒီလိုဆက်ဆံတာကို တော်တော်လေး သဘောကျနေခဲ့သည်.

ဒီလိုပုံစံနဲ့ဆိုရင်တော့ Poliana က ဧကရာဇ်ဆီသွားပြီးတော့ သူမလက်ထပ်တော့မဲ့အကြောင်း ပြောဖို့ သိပ်မကြာနိုင်တော့ပေ. တကယ်လို့ ဒီလိုဖြစ်ခဲ့ရင်တော့ Lucius က ထိတ်လန့်ကာ မေ့လဲသွားမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ.

ဧကရာဇ်အတွက် ကံကောင်းသွားတာက အဲ့လိုကိစ္စမျိုးဖြစ်မလာသေးတာဖြစ်သည်. နတ်ဘုရားတွေက သူ့ကို ကြည့်ရှုစောင့်ရှောက်နေလို့လား? Lucius က အမြဲတမ်း ကံကောင်းခဲ့တာဖြစ်သည်. သူက ၁၀ နှစ်အတွင်းမှာ တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒီအချိန်အတွင်းမှာ သူနဲ့ ရင်းနှီးတဲ့သူတွေကိုလဲ မဆုံးရှုံးခဲ့ပေ. သူက သူ့တိုင်းပြည်ရဲ့ တဦးတည်းသော အမွေဆက်ခံသူအဖြစ်လဲ မွေးဖွားခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now