အခန်း ၆၉

89 14 0
                                    

စစ်ပွဲက ဆက်လက်ဖြစ်ပွားနေပြီးတော့ အဆုံးသတ်မဲ့အရိပ်အရောင်မရှိချေ. အလယ်ပိုင်းဒေသမှာ စစ်မဖြစ်ပဲ အေးချမ်းတဲ့နေရာတွေအများကြီးရှိခဲ့သည်. အခုစစ်ပွဲမှာတော့
နယ်မြေတွေရဲ့ မြေအနေအထားနဲ့ စစ်သားတစ်ယောက်ချင်းစီရဲ့ အရည်အချင်းထက် စစ်သားတွေအားလုံးရဲ့ စိတ်ဓါတ်နဲ့ စုပေါင်းလုပ်ဆောင်နိုင်မှုပေါ် မူတည်နေသည်.

စစ်နည်းဗျူဟာတွေနဲ့ ပတ်သက်လာရင် Lucius နဲ့ Sir Rabi က စိတ်မရှည်တတ်ကြတဲ့ လူတွေဖြစ်ပြီး. Sir Bentier ကတော့ ပိုပြီးစိတ်ရှည်ကာ ဂရုစိုက်တတ်သည် ဒီအရာတွေကြောင့် လက်ရှိအခြေအနေမျိုးမှာ Sir Bentier က အကောင်းဆုံးတပ်မှူးဖြစ်နေတာဖြစ်သည်

Lucius က Oz ကို တဖြည်းဖြည်းချင်း သိမ်းယူနေချိန်မှာ Sir Bentier က သူ့နေရာမရွေ့သေးချေ. Acreian ဧကရာဇ်က သူ့နေရာတွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေချိန်မှာလဲ Sir Bentier က သူ့နေရာမှာ ရပ်နေတုန်းဖြစ်ပြီး အဲ့နောက်မှာတော့ ရုတ်တရက် အခြေအနေတွေက တဟုန်ထိုး ပြောင်းလဲသွားသည်

Sir Bentierက တိုက်ခိုက်ဖို့အခွင့်ကို စောင့်နေတာဖြစ်ပြီး. အခွင့်ရတာနဲ့ သူ့မှာ ရှိသမျှအားလုံးရင်းကာ သိမ်းပိုက်တော့သည်. သူက ဒေါသထွက်နေတဲ့ ကျွဲရိုင်းတစ်ကောင်လို လှုပ်ရှားခဲ့ပြီး  တစ်ရက်တည်းနဲ့ Mongsheim နယ်မြေတစ်ဝက်တိတိကို သိမ်းပိုက်နိုင်ခဲ့သည်. ဒီသတင်းကြားတော့ Lucius က Sir Bentier ဆီ ဂုဏ်ပြုလွှာ ပေးပို့လိုက်သည်. သူက Sir Bentier နဲ့ပတ်သက်ပြီးတော့ ဘယ်လောက်မှားခဲ့လဲဆိုတာကို သတိရလိုက်သည်.

"ဒီနေ့ခေတ်လူငယ်တွေလိုမဟုတ်ပဲ Sir Bentier က အရမ်းကို သတိထားတတ်လွန်းတယ်လို့ ငါထင်ခဲ့တာ ဒါပေမဲ့ ကြည့်ရတာ သူက အချိန်ကောင်းကို စိတ်ရှည်ရှည်နဲ့စောင့်နေတာနဲ့တူတယ်.   ငါ့စစ်သည်တွေဆီကနေပြီး ငါအများကြီးသင်ယူရဦးမှာပဲ"

ဒီဖြစ်ရပ်က သိသာတဲ့ပြောင်းလဲမှုဖြစ်သွားစေခဲ့သည်. Oz က ဒီသတင်းကိုကြားပြီးတဲ့နောက် သူတို့ရဲ့ ကာကွယ်ရေးစနစ်ကို အင်အားထပ်ဖြည့်လိုက်ကြသည်. Lucius အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန်ရောက်လာခဲ့ပြီ Mongsheim က သိသိသာသာအင်အားနည်းနေပြီ ဖြစ်ပြီး လူထပ်လွှတ်လိုက်မယ်ဆိုရင် Acreians တွေက ဒီတိုက်ပွဲကို ပြီးအောင် တိုက်နိုင်မှာဖြစ်သည်. ဒါပေမဲ့ Sir Bentier ကို တပ်ကူလွှတ်လိုက်ရင် Oz ကို တိုက်ဖို့ Lucius မှာ စစ်သားတွေ နည်းသွားမှာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now