အခန်း ၆၁

94 11 0
                                    

သူမ အကာအကွယ်မဲ့နေတဲ့ မိန်းကလေးကို သတ်လိုက်မိလို့လား?

Poliana က ထူးဆန်းတယ်လို့ ခံစားမိပေမဲ့ ဘာတွေဖြစ်ခဲ့လဲဆိုတာကို မေ့ပစ်ဖို့ သူမခေါင်းတွေကို ရမ်းလိုက်သည်. သူမဓါးမြှောင်တွေကို ပြန်ယူလိုက်သည်

'ဓါးမြှောင်တွေ ရှိခဲ့လို့တော်သေးတယ်'

သူမဓါးကို ယူသွားကြပေမဲ့ သူမဓါးမြှောင်တွေကိုတော့ အင်္ကျီတွေကြားမှာ ဝှက်ထားနိုင်လိုက်သည်. တကယ်လို့ အကူတွေကိုသာ သူမအင်္ကျီတွေကို ခေါက်ခိုင်းလိုက်ရင်တော့ သူတို့က လက်နက်တွေရှာတွေ့သွားမှာဖြစ်သည် ဒါကြောင့် Poliana က သူမအင်္ကျီတွေကို ကိုယ့်ဘာသာပဲခေါက်လိုက်သည်. အကူတွေက သူမခေါက်ထားတာကို ယူသွားကာ ဗီဒိုထဲ ထည့်လိုက်သည်.  အဝတ်တွေက အရမ်းလေးလံနေတာကို သတိထားမိနိုင်ပေမဲ့ သူတို့က သူမသားရေချပ်ဝတ်ကြောင့် လေးနေတယ်လို့သာ ထင်ကြလိမ့်မည်


လက်နက်တစ်ခုမှမရှိတာက စိတ်ပူစရာကောင်းနေတာကြောင့် သူမက သူမပေါင်အတွင်းဘက်မှာ ဓါးမြှောင်တစ်ချောင်းစီ ဝှက်ထားလိုက်သည်. ဒီဓါးမြှောင်တွေ တစ်ခုနဲ့တစ်ခုမတိုက်မိအောင် ဂရုစိုက်ဖို့လိုတာကြောင့် သူမ လမ်းလျှောက်တဲ့ပုံက ထူးဆန်းနေသည်.

ဒါပေမဲ့ ဘယ်သူကမှ သူမလမ်းလျှောက်ပုံထူးဆန်းနေတာကို ဂရုမစိုက်ကြပေ.

'မဟုတ်သေးပါဘူး. ငါဒီလိုတစ်ခါမှ မဝတ်ဖူးတာနဲ့ပဲ လူတွေက ဘာလို့ ငါပုံမှန်အတိုင်း လမ်းလျှောက်နိုင်မှာမဟုတ်ဘူးလို့ ထင်ကြတာလဲ?'

လူတိုင်းက Poliana ကို အဲ့လိုပဲထူးထူးဆန်းဆန်းတွေးကြတာလား?

ကောင်စုတ်တွေ

'ဒါပေမဲ့'


အမျိုးသမီးတစ်ယောက်လို ဆက်ဆံခံရတာတော့ တကယ်ကောင်းသည်. သူမလုပ်ဖော်ကိုင်ဖက်တွေက သူမကို လေးစားစွာဆက်ဆံတာတွေ့တော့ သူမက ကျိတ်သဘောကျနေသည်

ကိုယ်ရံတော်တွေက သူမကို လာကူညီကြတဲ့အခါ သူမ မျက်နှာက မျက်နှာသေဖြစ်နေပေမဲ့ စိတ်ထဲမှာတော့ ပျော်နေသည်

Emperor and the Knightness (Zawgyi) Book - 1Onde histórias criam vida. Descubra agora