အခန်း ၁၀၅

75 10 0
                                    

စစ်ပွဲပြီးတာက အနားယူလို့ရပြီလို့ မဆိုလိုပေ. ပိုပြီးတော့တောင် အလုပ်များလာတာဖြစ်သည်.

Acreian စစ်တပ်က ကျွမ်းကျင်စစ်သားတွေနဲ့ဖွဲ့စည်းထားတာဖြစ်သည်. စစ်ပွဲမရှိပဲ ငြိမ်းချမ်းနေရင်တောင်မှ ဒီစစ်သည်တွေကို လစာပေးဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ထားဖို့လိုအပ်သည်. ဒီစစ်တပ်က သူတို့ရဲ့ အသက်သွေးကြောဖြစ်သည်.

စစ်တပ်တစ်ခုထားရှိတာက အရမ်းအကုန်အကျများတဲ့စီးပွားရေးလုပ်ငန်းမျိုးဖြစ်ပြီး စစ်ပြီးသွားတဲ့အချိန်မှာတော့ သူတို့ကို ထပ်မံအသုံးချနိုင်ဖို့အတွက် အလုပ်ကိစ္စတွေ ရှိနေဖို့လိုသည်.

Lucius မှာ ဒီအခြေအနေအတွက် အဖြေရှိပြီးသားဖြစ်သည်. ဒီလူတွေက သူတို့အိမ်ကနေ ထပ်ပြီးတော့ မထွက်သွားချင်ပေမဲ့ သူတို့ကို လက်အောက်ခံနယ်မြေတွေဆီကို ပို့ဖို့ လိုသည်. သူတို့က အိမ်ကနေ ဆယ်နှစ်ကျော်ဝေးခဲ့ကြပြီး အခုတစ်ခါ သူတို့အိမ်ကနေထွက်ကာ သူတို့နဲ့မရင်းနှီးတဲ့ တိုင်းပြည်တွေမှာ အလုပ်မလုပ်ချင်ပေ.

အရင်ဧကရာဇ်အသက်ရှင်နေတုန်းကတော့ ဆွဲဆောင်မှုရှိတဲ့အချက်အလက်တွေသုံးပြီး သူ့စစ်တပ်အတွက် လူတွေစုခဲ့သည်. အဲ့အချိန်တုန်းက ဧကရာဇ်ရဲ့အိပ်မက်က အမှန်တကယ်ဖြစ်လာမယ်လို့ မယုံကြည်ကြတာကြောင့် သူနဲ့အတူအလုပ်လုပ်မဲ့သူတွေကို စုဆောင်းရာမှာ အခက်တွေ့ခဲ့သည်. အထက်တန်းလွှာတွေက သူတို့အာဏာလျော့နည်းသွားမှာစိုးတာကြောင့် ဧကရာဇ်ကို အောင်မြင်မှုမရစေချင်ကြပေ. ဆင်းရဲသားတွေနဲ့ အာဏာမရှိတဲ့သူတွေကပဲ ပါဝင်ခဲ့ကြတာဖြစ်သည်. သူတို့က သူတို့မိသားစုတွေအတွက် ပိုက်ဆံလိုအပ်သည်.

နှစ်အနည်းငယ်ကြာ လေ့ကျင့်ပြီးတဲ့နောက်မှာတော့ Acreian စစ်တပ်က တိုက်ကြီးတစ်ခုလုံးမှာ အကောင်းဆုံးစစ်တပ်ဖြစ်လာသည်.

Lucius က အဆင့်နိမ့်စစ်သားတွေကို စာချုပ်ချုပ်ကာ တခြားတိုင်းပြည်တွေကို တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့ပြီး အိမ်မှာပဲနေချင်တဲ့သူတွေကိုလဲ သူက မတားဆီးခဲ့ပေ. ဒါပေမဲ့ လူတိုင်းကတော့ ဒီလိုသိသာတိုးတက်တဲ့ ရာထူးမျိုးနဲ့ အနေအထားမျိုးကို လိုချင်ကြသည်. လူတော်တော်များများက ဒီကမ်းလှမ်းချက်ကို လက်ခံကာ သူတို့ဘဝအသစ်ကို ဖန်တီးဖို့ ထွက်ခွာသွားကြသည်. ဒီလူတွေထဲက အများစုက လက်မထပ်ရသေးတဲ့သူတွေနဲ့ မိသားစုထဲမှာ သားယောက်ျားလေးအများကြီးရှိတဲ့လူတွေဖြစ်ကြသည်. လက်ထပ်ပြီးတော့ ကလေးရှိနေတဲ့လူတွေက Acreia မှာ ကျန်နေခဲ့ဖို့ ဆုံးဖြတ်လိုက်ကြပြီး တစ်ချို့ကတော့ မိသားစုတစ်ခုလုံးနဲ့အတူ တောင်ပိုင်းကို ပြောင်းရွှေ့သွားကြတာမျိုးလဲရှိသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now