အခန်း ၅၃

95 12 0
                                    

Lucius က Poliana ကို တောင်းပန်နေသည်

"Inno မှာ စေ့စပ်ထားတဲ့သူတောင် မရှိတာ. အဲ့တာ သူက ငါ့ကြောင့်အလုပ်များနေလို့ဖြစ်ရတာ"

Poliana စိတ်ထဲကနေတွေးလိုက်သည်

'Sir Ainno က ကျက်သရေမရှိတဲ့ကောင်မို့လို့ ဘယ်အမျိုးသမီးကမှ သူနဲ့လက်မထပ်ချင်တာ ပိုဖြစ်နိုင်တယ်'

အလုပ်များတာနဲ့ စေ့စပ်တာက မတူတဲ့ကိစ္စနှစ်ခုဖြစ်သည်. အထက်တန်းလွှာက အမျိုးသား အမျိုးသမီးတွေရဲ့လက်ထပ်ပွဲက မိဘတွေက စီစဉ်ပေးကြတာဖြစ်သည် Sir Ainno က သာမာန်စစ်သည်တစ်ယောက်မှမဟုတ်တာ သူက Marquis Seki ရဲ့ သားဦးလဲ ဖြစ်သည် Sir Ainno မလိုချင်တာကြောင့် သူက မစေ့စပ်ရသေးတာပဲဖြစ်သည်

Sir Ainno ရဲ့ ဂုဏ်သတင်းတွေကလဲ သိပ်တော့မကောင်းဘူး. သူက အရမ်းတော်ပြီးတော့ ယုံကြည်ချက်ပြင်းထန်လွန်းတာကြောင့် အမျိုးသားတွေက သူ့ကို မုန်းကြသလိုအမျိုးသမီးတွေကလဲ သူ့ကို မကြိုက်ကြပေ. အဲ့တာက သူ့နားမှာရှိနေတဲ့ အမျိုးသမီးတွေကို ဆက်ဆံတဲ့ပုံကို ကြည့်ပြီးပြောလို့ရသည်

သူ့လက်ရှိအနေအထားကြောင့် သူက လက်သင့်ခံနိုင်လောက်တဲ့ ခင်ပွန်းလောင်းတစ်ယောက်ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ အကူတွေက သူတို့လက်ကိုင်ပုဝါကို လိုလိုလားလားနဲ့ ပေးလာစေတဲ့ စစ်သည်တစ်ယောက်တော့ မဟုတ်ပေ

ဒါပေမဲ့ ဧကရာဇ်ကတော့ Sir Ainno က အမျိုးသမီးတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ မသိတဲ့အတွက်ဖြစ်ကြောင်း သူက စကားနည်းတဲ့သူဖြစ်လို့ အမျိုးသမီးတွေက သူ့ကို ရိုင်းတယ်လို့ ထင်နေကြတာဖြစ်ကြောင်း Poliana ကို သေချာရှင်းပြနေသည်

Poliana က နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်ပြီး တွန့်ဆုတ်စွာနဲ့ Sir Ainno ဆီကို လက်ကိုင်ပုဝါတစ်ထည် ကမ်းပေးလိုက်သည်

"ကျွန်မက ငှားတာနော်, တကယ်ပေးတာမဟုတ်ဘူး, သိလား?"

"ရတယ်"

"ရှင် ကျွန်မကို ပြန်ပေးရမယ်လို့ ကတိပေး"

"ကောင်းပြီ"

"ကျွန်မ အရှင့်ကြောင့်သာ ငှားပေးတာနော်. ကျွန်မ တကယ်ပေးချင်တာမဟုတ်ဘူး"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now