အခန်း ၄၄

97 15 0
                                    

သူ့စစ်သည်တွေ လေ့ကျင့်ရေးလုပ်နေတာကို ကြည့်ဖို့အတွက် ယာယီစင်မြင့်လေးတစ်ခုကို Lucius အတွက် ဆောက်ပေးထားသည်. 

သူ့နားလေးမှာ Poliana ကို တွေ့လိုက်တော့ သူက ခေါ်ပြီးတော့မေးလိုက်တယ်

"မင်း အရပ်ပုနေလို့ ကြည့်ရတာအဆင်မပြေဖြစ်နေလား?"

"ကျွန်မ အဲ့လောက်မပုပါဘူး အရှင်"

တခြားကြည့်နေတဲ့သူတွေက သူမမြင်ကွင်းကို ကွယ်နေတာတော့ အမှန်ပဲဖြစ်သည်.

 မြောက်ပိုင်းစစ်သားတွေထက်တော့ သူမကအရပ်ပုပေမဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သူမက အရပ်မြင့်သည် အခုဆို Poliana ထက်အရပ်ပိုမြင့်လာပြီဖြစ်တဲ့ Sir Donau ကလဲ သူတို့ဆီကို လျှောက်လာသည်. သူ့အစ်ကို Sir Howe က ပြိုင်ပွဲဝင်ဖို့ ရွေးချယ်ခံရတာကြောင့် သူက သူ့အစ်ကိုအတွက် ဂုဏ်ယူအားကျနေသည်

Sir Ainno အပါအဝင် စစ်သည် ၉ ယောက်ကို ပြိုင်ပွဲအတွက် ရွေးချယ်ထားသည်. နောက်ထပ် စစ်သည် ၉ယောက်ကိုတော့ အရန်အနေနဲ့ ထပ်မံရွေးချယ်ထားသည်

အဓိကပြိုင်ပွဲဝင်စစ်သည်တွေကတော့

Acreia ရဲ့ အကောင်းဆုံးစစ်သည်လို့ အသိအမှတ်ပြုထားတဲ့ Sir Ainno

ဒုတပ်မှူးဖြစ်နေတာကြောင့် ပြိုင်ပွဲမှာပါဝင်ဖို့ တုန့်ဆိုင်းနေပေမဲ့ သူ့ရဲ့ ကျွမ်းကျင်တဲ့ဓါးရေးကြောင့် ပြိုင်ပွဲဝင်ဖို့ ဖြစ်လာတဲ့ Sir Bentier

တောဝက်ရိုင်းတစ်ကောင်လို သန်မာတဲ့ Sir Rabi

သူ့ရဲ့ဉာဏ်များမှုကြောင့် ဓါးရေးကျင့်ဖော်တွေက မုန်းနေကြတဲ့ အရည်အချင်းပြည့်ဝတဲ့ တိုက်ခိုက်ရေးသမား Sir Howe

လူငယ်စစ်သည်တွေကြားမှာ အလားအလာအကောင်းဆုံး တိုက်ခိုက်ရေးသမားဖြစ်နေတဲ့ Sir Beke

ညီဖြစ်သူလောက် တိုက်ခိုက်ရေးမကောင်းပေမဲ့ ယုံကြည်စိတ်ချလို့ရတဲ့ စစ်သည်ကောင်းတစ်ယောက်ဖြစ်တဲ့ Sir Aeke

သင့်တော်တဲ့ တိုက်ခိုက်ရေးသမားကောင်းတစ်ယောက်ဖြစ်တဲ့ Sir Mahogal ကတော့ ဧကရာဇ်ကိုယ်ရံတော်တပ်ဖွဲ့ရဲ ဒုခေါင်းဆောင်ဖြစ်တာကြောင့် ပြိုင်ပွဲဝင်စာရင်းကနေဖယ်ထုတ်ထားသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now