အခန်း ၆၆

87 13 2
                                    

Sir Rabi က ထိတ်လန့်သွားပုံရကာ Poliana ကို ပြောလိုက်တယ်

"မင်းကတော်တော်ဆိုးတာပဲ!"

"ဒီအကောင်လေးက ငယ်သေးတော့ သူ့အသားက အရမ်းနူးညံ့မှာပဲ"

"Sir Poliana မင်းကိုယ်မင်းဘယ်လိုလုပ် မိန်းမလို့ပြောနိုင်ရတာလဲ? မင်းမှာ မိခင်စိတ်နည်းနည်းလေးတောင်မရှိဘူးလား?"

"Sir Rabi ငါ့ကို ဒရယ်က စားလို့ရတယ်လို့သင်ပေးခဲ့တာ မင်းတို့လေ!"

တခြားစစ်သည်တွေနဲ့ စစ်သားတွေက သူတို့စကားပြောတာကို ကြားတဲ့အခါမှာတေ့ Poliana ကို ပွင့်ပွင့်လင်းလင်းပြောဆိုလာတော့တယ်

"မင်းကတော်တော်ရိုင်းစိုင်းတာပဲ, Sir Pol! စုန်းမ! မင်းက တော်တော်သွေးအေးတာပဲ! Booo!"

လူတိုင်းက ဒီဒရယ်ပေါက်ကို သဘောကျနေတာကိုတွေ့လိုက်ရတော့ သူမ အံ့ဩသွားခဲ့သည်. Poliana က သူတို့နားကနေ ကသိကအောင့်ဖြစ်စွာနဲ့ ထွက်လာခဲ့သည်

စိတ်ရှုပ်လာတာကြောင့် သူမက သစ်ပင်တစ်ပင်ကို စတင်ရိုက်နှက်တော့တယ်. ရုတ်တရက် သူမ ဒေါသတကြီးကန်လိုက်တဲ့အခါ သစ်ပင်ပေါ်က ငှက်သိုက်က ပြုတ်ကျလာပြီးတော့ငှက်ဥတွေက ကွဲကုန်တော့တယ်. Poliana က အပြစ်မကင်းစွာနဲ့ ကြည့်နေလိုက်သည်.

'ဒီငှက်အဖေနဲ့အမေက တော်တော်ဆိုးတာပဲ. သူတို့အသိုက်က ဘာလို့အကြမ်းမခံရတာလဲ? မိုက်မဲလိုက်တဲ့ငှက်တွေ...'

သူမက အခြေအနေကို နားလည်ဖို့ ကြိုးစားလိုက်ပေမဲ့ အပြစ်မကင်းသလို ခံစားနေရတုန်းပဲ. Poliana သူမ နားနားအထိ ရှည်နေပြီဖြစ်တဲ့ သူမဆံပင်တွေကို ကုတ်လိုက်တယ်. Lucius သူမကို အကြံပေးတဲ့နေ့ကစပြီးတော့ သူမ မညှပ်ပဲအရှည်ထားခဲ့တာဖြစ်သည်.

ဒီနေ့မနက်တုန်းက ခေါင်းလျှော်ခဲ့တာကြောင့် သူမဆံပင်တွေကို မစီးထားပေ. တစ်ချို့ရက်တွေမှာ ရွှေရောင်လို့ပြောလို့ရပေမဲ့ အများအားဖြင့်တော့ သူမဆံပင်က ကောက်ရိုးခြောက်လို အရောင်ဖြစ်နေသည်

"ဝါးးးးးး!"

ရုတ်တရက် လူတွေရဲ့ စိတ်လှုပ်ရှားစွာသွားတဲ့အသံကို သူမကြားလိုက်ရသည်. Poliana လှည့်ကြည့်လိုက်တဲ့အခါ Sir Rabi က သူ့လက်ကိုင်ပုဝါကို နွားနို့နဲ့စိမ်ကာ ဒရယ်ကို နို့တိုက်နေတာကို တွေ့လိုက်ရသည်. တခြားစစ်သည်တွေနဲ့ စစ်သားတွေကလဲ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေကြသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now