အခန်း ၁၈၆

51 7 0
                                    

Poliana နဲ့ Frau တို့ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပိုပြီးရှာတွေ့ဖို့ မျှော်လင့်ရင်းနဲ့ Sir Deke က Cekel ကို ကြည့်လိုက်ပေမဲ့ Cekel ကတော့ တိတ်ဆိတ်နေခဲ့သည်. သူက သတင်းအချက်အလက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး Sir Deke အနေနဲ့ သူ့အလုပ်ကို ပိုပြီး ကောင်းကောင်းလုပ်လာနိုင်ဖို့ Cekel က မျှော်လင့်ထားသည်.

ဒီနေ့ သူမသိခဲ့တာတွေကို Poliana ကို ပြောပြရမလား မပြောပြရဘူးလားဆိုတာက Cekel ကို စိတ်အနှောင့်အယှက်ပေးနေတာဖြစ်သည်. Poliana က အထက်တန်းလွှာအမျိုးသမီးဖြစ်တာကြောင့် သူမရဲ့လက်ထပ်ပွဲနဲ့ပတ်သက်ပြီးတော့ ကိုယ်ရေးကိုယ်တာခံစားချက်တွေ ပါဝင်မှာမဟုတ်ဘူးဆိုတာကိုတော့ Cekel က သေချာသိနေသည်. Poliana က Frau ရဲ့ ရိုးသားမှုကို သဘောကျတာဖြစ်မယ်လို့ Cekel က မှန်းဆလိုက်သည်. သူက ဘာလို့ သူမကိုလက်ထပ်ချင်တာလဲဆိုတာကို ထုတ်ပြောလိုက်တာက Poliana ကို အထင်ကြီးသွားစေခဲ့တာဖြစ်သည်. Lady Rebecca က ဒီအကြောင်းကို ကြားလိုက်တဲ့အချိန်မှာတော့ သူမက ဒေါသထွက်လာပြီး သူမကို တွေ့ဖို့ ငြင်းဆန်ခဲ့သည်.

Frau နဲ့ သူ့အစေခံကြားမှာ ဖြစ်ပျက်ခဲ့တာက လွန်ခဲ့တဲ့ ၁၀ နှစ်ကဖြစ်တာကြောင့် Poliana ကို ဒီအကြောင်းပြောပြဖို့က ထူးဆန်းနေသလိုဖြစ်နေသည်. တကယ်လို့ အစေခံက အသက်ရှင်လျက်ရှိနေပြီးတော့ Frau ကလဲ သူမနဲ့ အဆက်အသွယ်ဆက်ရှိနေမယ်ဆိုရင်တော့ ဒါက ပြဿနာဖြစ်လာနိုင်ပေမဲ့ Sir Deke ပြောပြချက်အရ အမျိုးသမီးက သေဆုံးသွားခဲ့ပြီဖြစ်သည်.

တကယ်လို့ Frau က အဲ့အမျိုးသမီးကို ချစ်နေဆဲဖြစ်နေရင်တောင်မှ ဒါက ပြဿနာမဟုတ်တော့ပေ. ဒါကို ဖောက်ပြန်တယ်လို့ ယူဆလို့မရပေ. ယောက်ျားတစ်ယောက်က သူ့ဇနီးအပြင် တခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့ရင်တောင်မှ ဒီအချက်က အမျိုးသမီးတစ်ယောက်အနေနဲ့ ကွာရှင်းခွင့်တောင်းဆိုနိုင်တဲ့အထိ မဖြစ်နိုင်ပေ.

Sir Deke က Cekel ကို ပြောလိုက်သည်.

"တကယ်လို့ အစ်မ ထပ်သိချင်သေးရင် ကျွန်တော် Frau အကြောင်း ထပ်ရှာပေးမယ်လေ"

Sir Deke က သူ့ရဲ့ရှာဖွေမှုကို Yapa မှာပဲ လုပ်ရသေးတာဖြစ်သည်. Nanaba မှာ ရှိနေတဲ့လူတွေက Frau အကြောင်းကို ပိုသိမယ်လို့ သူက ထင်နေသည်. သူက လိုအပ်လို့ရှိရင် Nanaba မှာ ရှိနေတဲ့ သူ့ရဲ့အဆက်အသွယ်တွေဆီကို စာပို့ကာ မေးမြန်းနိုင်သည်. Cekel က သူမခေါင်းကို ရမ်းလိုက်သည်.Sir Deke က စိတ်သက်သာရာရကာ တွေးလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now