အခန်း ၁၁၃

78 12 1
                                    

အေးချမ်းသာယာတဲ့နေ့တွေဖြတ်သန်းလာပြီးတော့ တစ်ရက်မှာတော့ အမွှာတွေက Baufallo ညီအစ်ကိုတွေနဲ့ လက်ထပ်ရမဲ့အကြောင်း သိသွားကြပုံရသည်.

ဒီအစီအစဉ်ကို သူမသိပြီးသားဆိုတာကို ဒီကောင်မလေးတွေက သိပုံမရပေ. သူတို့က ဒီညီအစ်ကိုအကြောင်းကို သိချင်နေကြပြီး Sir Howe နဲ့ Donau အကြောင်းကို မသိမသာမေးလာကြသည်.

Poliana က ဒီချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပြုံးပြလိုက်ကာ ဒီညီအစ်ကိုတွေရဲ့ ကောင်းကွက်တွေကိုသာ ပြောပြဖို့ ကြိုးစားလိုက်သည်.

"ငါသိရသလောက်ကတော့ Sir Donau က သန်မာပြီး ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့ အမျိုးသမီးတွေကို သဘောကျတယ်"

ကံမကောင်းစွာနဲ့ Poliana က Sir Howe နဲ့ ပတ်သက်ပြီး သိပ်မသိပေ. ဒါကြောင့် သူမက Donau အကြောင်းပဲ ပြောပြလိုက်သည်. သန်မာပြီး အမျှော်အမြင်ရှိတဲ့ အမျိုးသမီး....

ဒါက အမျိုးသားအများစုလိုချင်တဲ့ အမျိုးသမီးပုံစံမျိုးနဲ့ မတူညီပေ. Vaxi နဲ့ Vanessa တို့က အလွန်စိတ်လှုပ်ရှားသွားပုံရကာ

"ဝိုး! သူက ထူးခြားပြီးတော့ သူများတွေနဲ့ မတူသလိုပဲ!"

"ညီမတို့ သဘောကျတယ်!"

အဆင့်မြင့်အထက်တန်းလွှာတွေမှာ ရည်းစားထားတာမျိုး ဒါမှမဟုတ် ချစ်ခင်နှစ်သက်လို့ လက်ထပ်တာမျိုး မရှိကြချေ. လက်ထပ်အားလုံးကို မိဘတွေကပဲ စီစဉ်ကြတာဖြစ်သည်. အမွှာတွေအနေနဲ့ ဒီကောင်လေးတွေရဲ့ ကောင်းကွက်တွေကို ကြားရတာအကောင်းဆုံးဖြစ်မယ်လို့ ထင်လိုက်ကာ သူမစိတ်ကူးက မှန်ကန်ခဲ့သည်. မိန်းကလေးတွေက Sir Howe နဲ့ Sir Donau တို့ကိုလက်ထပ်ရမဲ့ကိစ္စအတွက် ပျော်နေပုံရသည်.

မျှော်လင့်ချက်များလေ စိတ်ပျက်စရာပိုကောင်းလေဖြစ်ပေမဲ့ Ribo ညီအစ်ကိုတွေကတော့ နားလည်မှုရှိပြီး ထူးချွန်တဲ့ လူငယ်လေးတွေဖြစ်ကြသည်. Sir Howe နဲ့ Donau တို့က Bika အမွှာတွေကို စိတ်ပျက်စေမှာမဟုတ်ဘူးဆိုတာကို Poliana သိနေသည်.

Poliana က အမွှာလေးတွေနဲ့ စကားပြောနေတုန်းမှာ အကူတစ်ယောက်ကဝင်လာပြီး သူမဆီကို ဧည့်သည်လာတွေ့ကြောင်း အကြောင်းကြားလာသည်. သူမဆီကို နေ့စဉ်သတင်းပို့ချိန် ရောက်နေပြီဆိုတာကို သတိပြုမိတာကြောင့် Poliana က ခေါင်းငြိမ့်လိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now