အခန်း ၁

905 45 0
                                    

Poliana ရဲ့ဘ၀က သာမာန်ပါပဲ....

လူတွေက တခြားသူတွေရဲ့အကြောင်းကို ပြောရတာကို သဘောကျကြတယ်..

တစ်ချို့တွေက မေးကြတယ် ဘယ်လို ကံဆိုးပြီးတော့ ကြမ်းတမ်းတဲ့ဘ၀က သာမာန်မျိုးဖြစ်မှာလဲ

ဒါပေမဲ့ တစ်ချို့ကကြတော့ ပြန်ပြောကြတယ် လူတစ်ယောက်ရဲ့ဘ၀မှာ အာဏာတပ်မက်မှုနဲ့ လက်စားချေချင်စိတ်ရှိတာဟာ သာမာန်ပဲတဲ့....

Poliana အတွက်ကတော့ သူမဘ၀က တခြားသူတွေရဲ့ သာမာန်ဘ၀နဲ့ မတူညီဘူး....

သူမဘ၀က သူများတွေနဲ့ယှဉ်ရင်တော့ အနည်းငယ်ကွဲပြားတယ်ဆိုပေမဲ့ အဲ့လိုလဲမဟုတ်သေးဘူး....

သူမဘ၀က တခြားသူတွေလိုပဲ တူညီစွာနဲ့စတင်ခဲ့တာပဲ... ပြီးတော့ တူညီစွာပဲအဆုံးသတ်သွားတယ်..

မွေးဖွားတာနဲ့ သေဆုံးခြင်းကြားမှာ အနည်းငယ်ကွဲပြားနိုင်ပေမဲ့ အဆုံးသတ်ကြတော့

လူတွေရဲ့ဘ၀ဟာ တူညီတဲ့နည်းလမ်းနဲ့ပဲ အဆုံးသတ်သွားကြတယ်...

သင်ဟာ မွေးဖွားလာတယ်... အသက်ရှင်နေထိုင်တယ်... ပြီးတော့ သေဆုံးသွားတယ်....

ရိုးရှင်းတယ်မဟုတ်လား....

Poliana က သူမအမေကို ငယ်ငယ်လေးနဲ့ဆုံးရှုံးလိုက်ရတယ်..

ပြီးတော့ သူမအဖေက အမွေဆက်ခံသူရနိုင်အောင်လို့ ချက်ချင်းလက်ထပ်လိုက်တယ်..

သူမ မိထွေးက လက်ထပ်ပြီးတော့ တစ်နှစ်အကြာမှာ နောက်ထပ်ကလေးမွေးလာတယ်..

ဒါပေမဲ့ အဲ့တာက နောက်ထပ် မိန်းကလေးတစ်ယောက်ပဲ..

Poliana က ဘာလို့လဲတော့ မသိဘူး.. ဒါပေမဲ့ သူမ အဖေတူအမေကွဲညီမကို မွေးပေးပြီးတဲ့အခါမှာ သူမအဖေနဲ့ မိထွေးတို့က နောက်ထပ် ကလေးမွေးဖို့ မကြိုးစားတော့ဘူး.

သူတို့က မိသားစုမျိုးရိုးနဲ့ အမွေတွေကို သူတို့သမီးတွေထဲက တစ်ယောက်ကို အမွေပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်...

Poliana က သူတို့ရဲ့အမွေဆက်ခံသူမဟုတ်တာတော့ အံ့သြစရာမရှိဘူးပေါ့....

Poliana က မြောက်ပိုင်းဒေသရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Aehas လို့ခေါ်တဲ့ နိုင်ငံငယ်လေးတစ်ခုမှာ မွေးဖွားနေထိုင်ခဲ့သည်...

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now