အခန်း ၁၄

131 24 1
                                    

Poliana ရဲ့ ဒဏ်ရာတွေက ပျောက်သလောက်ဖြစ်နေပြီ. သူမ နှာခေါင်းရိုးက ပြန်ဆက်သွားပေမဲ့ ကောက်သွားခဲ့သည် သူမဆီမှာ အနာတွေရှိနေလဲ ရှိနေသေးသည် 

ဒါပေမဲ့ သူမက နေလို့ကောင်းတယ်လို့ ခံစားနေရသည် သူမ နောက်ထပ်ဒဏ်ရာထပ်မရမချင်း ဒီဒဏ်ရာတွေက မကြာခင်မှာ လုံးဝပျောက်ကင်းသွားမှာဖြစ်သည်

သူမရဲ့အရေပြားနေရာတစ်ချို့က ကြိမ်ဖန်များစွာ ထိခိုက်ထားတာကြောင့် အသားအရောင်ပျောက်သွားခဲ့ပေမဲ့ Poliana က ဂရုမစိုက်ခဲ့ဘူး

သူမက တခြားဒဏ်ရာရစစ်သည်တွေနဲ့အတူ မြို့တော်ကို သွားလိုက်သည် သူတို့တွေက သူမဘယ်သူလဲဆိုတာ သိနေကြောင့် သူမကို အနှောင့်အယှက်မပေးကြတော့ဘူး

အမှန်တကယ်တော့ သူတို့က သူမကို လုံးဝလစ်လျှူရှုထားတာဖြစ်ပေမဲ့ သူမက တစ်ယောက်တည်းနေသားကျပြီးသားဖြစ်တာကြောင့် စိတ်ထဲမထားတော့ဘူး

ကျေးဇူးတင်ဖို့ကောင်းတာက Aehas နိုင်ငံသားတွေက သူတို့ရဲ့ ဧကရာဇ်အသစ်ကို ကျေနပ်စွာလက်ခံကြတာပဲဖြစ်သည် မြောက်ပိုင်းဒေသက နိုင်ငံတွေအားလုံးက ဘာသာစကားရော ယဉ်ကျေးမှုတွေပါ တူညီကြတာကြောင့် Aehas နိုင်ငံသားအများစုက သူတို့တွေနဲ့ လွယ်ကူစွာပြောဆိုဆက်ဆံနိုင်ကြသည်

ဒါပေမဲ့ Aehas က အထက်တန်းလွှာတွေအတွက်တော့ မတူညီတော့ပေ.သူတို့ဘွဲ့တွေနဲ့ နယ်မြေတွေကို လက်လွှတ်လိုက်ပြီး သူတို့လက်ရှိနေရာမှာ ကျန်ရှိနေသေးတာက Lucius အနေနဲ့ သူ့လူတွေက အစားထိုးဖို့ သင့်တော့်တဲ့သူ မတွေ့သေးခင်အထိသာဖြစ်သည် အဲ့တာကလဲ သိပ်မကြာခင်မှာ အစားထိုးခံရမှာပဲဖြစ်သည်

Cranbell ရဲ့နယ်မြေက Aehas မြို့တော်ကိုသွားတဲ့လမ်းမှာ တည်ရှိသည်. Poliana က သူမဆရာကို တွေ့ဖို့ သွားလိုက်ပေမဲ့ သူက ကွယ်လွန်သွားခဲ့ပြီဖြစ်သည်

အသက်အရွယ်အိုမင်းလာမှုကြောင့် အိပ်ယာထဲမှာပဲ သေဆုံးသွားရမဲ့အစား သူက စစ်ထဲဝင်ရောက်ကာ စစ်သည်တစ်ယောက်အဖြစ် သေဆုံးရန် ရွေးချယ်ခဲ့သည်သူက Acreia နဲ့တိုက်ပွဲမှာ ပါဝင်ခဲ့ပြီးတော့ အသတ်ခံလိုက်ရတာဖြစ်သည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now