အခန်း ၄၁

115 19 0
                                    

Acreian စစ်နည်းဗျူဟာအစည်းအဝေး...


Yapa ရဲတိုက်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကင်းထောက်တွေက ပေးပို့လာသည်.

သူတို့က ရဲတိုက်ထဲမှာ ရှိနေတဲ့ Bikpa အထက်တန်းလွှာတွေနဲ့ စစ်သည်တွေကို ဘယ်လိုနည်းလမ်းနဲ့အကောင်းဆုံးတိုက်ခိုက်နိုင်မလဲဆိုတာကို မေးခဲ့ကြသည်

သူတို့သိသမျှနည်းလမ်းတွေကတော့...

ပထမတစ်ချက်, ရဲတိုက်အတွက် သီးသန့်ရေအရင်းအမြစ်ရှိတယ်. ဒါကြောင့် ရေဖြတ်တောက်တာနဲ့ အဆိပ်ခတ်တာက အလုပ်ဖြစ်မှာ မဟုတ်ဘူး.

ဒုတိယတစ်ချက်, စားနပ်ရိက္ခာတွေလုံလောက်အောင် သိုလှောင်ထားတာကြောင့် သူတို့ ဆာလောင်တဲ့အချိန်အထိစောင့်တာကလဲ အလုပ်ဖြစ်မှာ မဟုတ်ဘူး.

Lucius က ရေရွတ်လိုက်သည်

"နည်းနည်းတော့အခက်တွေ့နိုင်တယ်"

"ပြီးတော့ တိုက်ရိုက်ဝင်တိုက်ခိုက်ဖို့ကလဲ အလုပ်ဖြစ်မှာမဟုတ်ဘူး"

"ရဲတိုက်နောက်က ကျောက်တောင်ကရော? ငါတို့ အဲ့ပေါ်ကနေတက်ပြီးတော့ တိုက်ခိုက်လို့ရလောက်လား?"

"ကျွန်တော်တို့မှာ တောင်တက်သမားကောင်းတွေရှိပေမဲ့ အဲ့တာက ဖြစ်နိုင်မှာမဟုတ်ဘူး အရှင်"

ရဲတိုက်ကို တည်ဆောက်တုန်းက ဒီကျောက်တောင်က ကျောက်တုံးတွေကို အသုံးပြုခဲ့တာဖြစ်သည်. ဒီရဲတိုက်ကိုပုံစံထုတ်ခဲ့တဲ့ ဗိသုကာပညာရှင်က ကျောက်တုံးတွေကို သေချာဖြတ်တောက်စေခဲ့ပြီး မယုံနိုင်လောက်စရာ မတ်စောက်အောင် ဆောက်လုပ်ခဲ့သည်

အပြင်ကနေဝိုင်းထားတယ်ဆိုတာက စိတ်ရှည်ရမဲ့အရာဖြစ်သည်. ပုံမှန်အားဖြင့်တော့ တိုက်ခိုက်သူတွေက ရဲတိုက်ကို ထောက်ပံ့ရေးပစ္စည်းတွေ ဖြတ်တောက်ပြီးတော့ ငတ်ပြတ်တဲ့အထိ စောင့်တတ်ကြသည်. ပထမဦးဆုံးအလျော့ပေးတဲ့သူက ရှုံးနိမ့်သူဖြစ်သည်

အခုဖြစ်ရပ်မှာတော့ Gali မှာ ကောင်းကွက်တွေရှိနေသည်.

သူ့မှာ အစားအစာနဲ့ ရေ အလုံအလောက်ရှိတာကြောင့် သူက အရိပ်ထဲကနေ သက်တောင့်သက်သာ ထိုင်စောင့်နေရုံသာရှိသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now