အခန်း ၁၆၂

43 5 0
                                    

လူတွေက သူတို့အနေနဲ့ အရေးပါလာတဲ့လူဖြစ်လာရင် ပြီးတော့ အောင်မြင်မှုရလာခဲ့ရင် ဒီကမ္ဘာကြီးမှာ သူတို့အတွက် ဘာအပူအပင်မှ မရှိနိုင်တော့ဘူးလို့ ယူဆကြသည်. ဒါပေမဲ့ အမှန်တရားကတော့ ဒီလိုဖြစ်ရပ်က လူတိုင်းအတွက်မဟုတ်ပေ. ဒီဘဝမှာ သူတို့လိုချင်တာမှန်သမျှ ရပြီးသွားရင် သူတို့ဘဝကြီးက ပျင်းစရာကောင်းသွားမှန်း လူတွေက သိလိုက်ကြသည်.

ဥပမာကောင်းတစ်ခုကတော့ Sir Ainno Seki ပဲဖြစ်သည်. Acreia က အာဏာအရှိဆုံး Seki မိသားစုရဲ့ ပထမသားဦးဖြစ်တဲ့အပြင် သူက ဧကရာဇ်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ကာ ဒီတိုင်းပြည်ရဲ့ အကောင်းဆုံးစစ်သည်လဲဖြစ်သည်. ဒီလူ့မှာ အရာအားလုံးရှိနေပေမဲ့ သူက ပြုံးခဲသည်. သူ့မျက်နှာမှာ ရိုးရိုးတန်းတန်းအပြုံးမျိုးမရှိတာကို လက်ခံလို့ရပေမဲ့ သူ့မျက်နှာက အမြဲတမ်း ရုပ်ဆိုးနေတဲ့ မျက်မှောင်ကြုံ့ထားတာမျိုး ရှိနေတာဖြစ်သည်. သူက ဧကရာဇ်ရှေ့မှာတောင်မှပဲ ဒီလိုတူညီတဲ့ မျက်နှာထားမျိုးနဲ့ပဲ ရှိနေတတ်တာကြောင့် လူတွေက အထွန့်မတက်နိုင်တော့ပေ.

နောက်ထပ် ဥပမာတစ်ခုကတော့ Marquess Poliana Winter ဖြစ်သည်. သူမကို ဘယ်သူကမှ မလေးမစားဆက်ဆံတာမျိုး မရှိတော့ပေမဲ့ Poliana ကတော့ သူမမျက်နှာသေကြီးအတိုင်း ရှိနေတုန်းပဲဖြစ်သည်. ဒီလိုမျက်နှာထားမျိုးနဲ့ပဲ နေသားကျနေလို့လား ဒါမှမဟုတ် ဒီလိုမျက်နှာထားမျိုးရှိနေတာက သူမကို ပိုပြီးအရေးပါတဲ့လူလို့ ထင်စေလို့လား? ဘာပဲဖြစ်ဖြစ် Poliana ကတော့ သူမအလုပ်လုပ်နေချိန်အတွင်းဆိုရင်တော့ ပိုပြီးလေးနက်တဲ့ မျက်နှာထားမျိုးရှိအောင် နေတတ်သည်. သူမမှာ ကြမ်းတမ်းတဲ့အသွင်အပြင်မျိုး ရှိပြီးသားဖြစ်တာကြောင့် Poliana က ဒီကမ္ဘာကြီးကို မုန်းတီးနေတာဖြစ်မယ်လို့ လူတွေက ယူဆထားကြသည်.

ဒီစစ်သည်နှစ်ယောက်က ဧကရာဇ်နောက်မှာ ရပ်နေရင်း ကြင်နာဖော်ရွေစွာပြုံးတာကို မြင်ရတာက ရှားပါးဖြစ်စဉ်ဖြစ်သည်.

ဒီနေ့မှာတော့ Poliana က ခါတိုင်းလိုပဲ ခံစားချက်မဲ့နေတဲ့ မျက်နှာထားနဲ့ သူမစာကို ဖတ်နေခဲ့သည်. ဒါပေမဲ့ သူမ မျက်လုံးတွေကတော့ အရသာရှိတဲ့ သားကောင်ကိုတွေ့လိုက်ရတဲ့ သိမ်းငှက်လိုပဲ တောက်ပနေတာကို လူတိုင်းက မြင်လိုက်နိုင်သည်. သတင်းပို့သူက စိတ်မအေးဖြစ်ကာ တုန့်ဆိုင်းသွားသည်. Marquess က ရက်စက်တတ်တဲ့သူမဟုတ်တာကို သူသိပြီးသားဖြစ်ပေမဲ့ အရာရှိတစ်ယောက်က သူလက်ခံရရှိတဲ့စာထဲမှာ ပါဝင်တဲ့အကြောင်းအရာကို သဘောမကျရင် သတင်းပို့တဲ့သူကို သတ်ပစ်တတ်တာမျိုးရှိသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now