အခန်း ၁၉၄

49 6 0
                                    

"Lady Stra!"

"Marquess Winter!"

လူတိုင်းက အော်ဟစ်လာကြပေမဲ့ စိတ်ပူပင်မှုတွေအပြည့်နဲ့ အော်ဟစ်လာတာကတော့ ဧကရာဇ်ဖြစ်သည်.

"Poliana!"

Lady Stra က သူမကိုယ်ပေါ်မှာ ရှိနေတဲ့ Poliana ရဲ့ ကိုယ်ကို ထိကြည့်လိုက်သည်. Stra ရဲ့ ကိုယ်ပေါ်မှာ ရှိနေတဲ့ Poliana က လှုပ်ရှားမှုမရှိလာပေ. Poliana က ပိန်သွယ်ပေမဲ့ Lady Stra အတွက်တော့ ကျောက်တုံးကြီး ဖိထားသလိုဖြစ်နေသည်. သူမ အသက်ရှူကျပ်လာတာကြောင့် Stra က အော်တောင် မအော်နိုင်တော့ပေ.

ရုတ်တရက်, Poliana က နိုးလာပြီး Stra က စိတ်သက်သာရာရကာ ငိုကြွေးလာသည်. Poliana က သူမကို မေးလိုက်သည်.

"မင်းအဆင်ပြေရဲ့လား Lady Stra?"

"ကျွန်မ အဆင်ပြေပါတယ်. ကျွန်မ ရှင့်ကို စိတ်ပူနေတာ Marquess! ရှင်အဆင်ပြေရဲ့လား? ဘုရားသခင်!"

Poliana က Stra ရဲ့ပါးကို အသာပုတ်လိုက်ကာ မတ်တပ်ရပ်လိုက်သည်. သူမက အလျင်အမြန်မတ်တပ်ရပ်လိုက်တာဖြစ်ပေမဲ့ သူမခန္ဓာကိုယ်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေပြီဆိုတာကို ချက်ချင်းသိလိုက်သည်. သူမ မတ်တပ်မရပ်နိုင်တာကို အခြေခံပြီးတော့ ဘာပြဿနာဖြစ်နေလဲဆိုတာကို Poliana သိသွားသည်. သူမလှုပ်ရှားတဲ့ပုံကို မြင်လိုက်တဲ့ တခြားအစောင့်တွေကလဲ သူမရဲ့အခြေအနေကို သိသွားခဲ့သည်.

အမျိုးသမီးတွေနဲ့ ဧကရာဇ်က အော်ပြောလိုက်သည်.

"သမားတော်ခေါ်လိုက်စမ်း!"

"Marquess Winter ဒဏ်ရာရသွားပြီ! သမားတော်ချက်ချင်းခေါ်စမ်း!"

Poliana က ရေရွတ်လိုက်သည်.

"လူတွေက ဘာလို့ဒီလောက်ပုံကြီးချဲ့နေတာလဲ..."

အစေခံတွေက ဒရယ်အသေကောင်ကို ချက်ချင်းဖယ်လိုက်ကာ လူတွေက သူမနားမှာ စုပြုံလာခဲ့သည်. Lady Stra ကို မတ်တပ်ရပ်ဖို့ ကူညီလိုက်ကြပြီး အကူတွေက သူတို့လက်ကမ်းကာ Poliana ကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်ပေမဲ့ Poliana က ငြင်းဆန်ခဲ့သည်. သူမက မြေကြီးပေါ်မှာဆက်ထိုင်နေကာ သူမရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို စစ်ကြည့်လိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now