အခန်း ၉၆

71 10 1
                                    

Sir Bentier နဲ့ စကားပြောပြီး ရက်အနည်းငယ်ကြာတော့ Poliana က ဧကရာဇ်နဲ့ တူညီတဲ့အကြောင်းအရာကို ထပ်ပြောဖြစ်ကြသည် သူက အကြီးအကဲတွေနဲ့ ပတ်သက်ပြီးတော့ သတိပေးလိုက်တော့ Poliana က သူမလက်သီးတွေကို ဆုပ်ကာ သတ္တိရှိစွာနဲ့ ပြန်ဖြေလိုက်သည်

"ကျွန်မ သူတို့ကို ဂရုစိုက်လိုက်ပါ့မယ်အရှင်!"

ဘေးနားမှာ ရပ်နေတဲ့ Sir Ainno ကလဲ သူမပြောတာကို သဘောတူလိုက်သည်

"ကျွန်တော် သူမကို ကူညီလိုက်မယ်. ဒါက ကျွန်တော်တို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ"

Lucius က သူ့ရဲ့သစ္စာရှိစစ်သည်တွေကို ဂုဏ်ယူစွာနဲ့ကြည့်ကာ ဖြေလိုက်သည်.

"စိတ်ထဲမထားပါနဲ့ သူတို့က အသက်ကြီးပြီး မကြာခင်သေတော့မှာကို"

Sir Ainno က ထပ်မံပြောဆိုလိုက်သည်

"ဒါပေမဲ့ သူတို့တွေ အရှင့်ကို စိတ်ရှုပ်စေတယ်ဆိုရင် ကျွန်တော့်ကိုပြော. ကျွန်တော် အရင်သွားပြီးတော့ သူတို့ကို ရှင်းပေးမယ်. ဒါက ဘာပြဿနာမှ မဟုတ်ဘူး"

"Inno မင်းက ငါ့ရဲ့အကောင်းဆုံးနဲ့ အသန်မာဆုံးစစ်သည်ပဲ. ငါ မင်းရဲ့အရည်အချင်းတွေကို ဒီလိုနေရာမှာ မသုံးချင်ဘူး"

"ရပါတယ်. ကျွန်တော် အရှင့်အတွက် လုပ်ပေးရတာ ပျော်ပါတယ်"

"ဟားဟားဟား"

Lucius က ခါးသီးစွာနဲ့ ရယ်လိုက်သည်. သူက အကြီးအကဲတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်တဲအခါမှာ တုန့်ဆိုင်းနေတတ်တာကို သိပေမဲ့ မတတ်နိုင်ချေ. Lucius က သူတို့ကို သဘောမကျပေမဲ့ မုန်းတီးနေတာတော့မဟုတ်ပေ သူတို့က ဒီအတိုင်း အသက်ကြီးနေပြီ သူတို့ဘယ်လောက်ကြာကြာနေနိုင်ဦးမှာလဲ?

ဥပမာအနေနဲ့ သူ့ရဲ့အကြီးဆုံးပြဿနာဖြစ်တဲ့ Marquis Seeze ဆိုရင် အသက် ၇၀ ကျော်နေပြီ. သူသေသွားတာနဲ့ သူ့အင်အားစုတစ်ခုလုံးက အားလျော့သွားမှာဖြစ်သည်. အဲ့တာက အချိန်တစ်ခုကိုသာ စောင့်ဖို့လိုအပ်တာဖြစ်ပြီး Lucius က ဒီကိစ္စနဲ့ပတ်သက်ကာ သူ့လက်တွေကို ညစ်ပေမခံနိုင်ပေ. အချိန်က သူ့ဘက်မှာရှိသည်

ဧကရာဇ်က Poliana ကို ပြောလိုက်သည်.

"အဲ့တာကြောင့် ငါနဲ့အတူ မင်းကို ရဲတိုက်ထဲ ခေါ်သွားလို့မရတာပါ. ကျေးဇူးပြုပြီးတော့ စိတ်မကွက်ပါနဲ့နော်"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now