အခန်း ၁၂၈

68 10 6
                                    

Lucius ရဲ့နှလုံးသားက ဟိုးအောက်ခြေအထိ ကျဆင်းသွားတယ်. သူက တုန်လှုပ်နေတဲ့အသံနဲ့ Sir Ainno ကို မမေးခင်မှာ စက္ကန့်ပိုင်းလောက် တုန့်ဆိုင်းသွားခဲ့သည်.

"တကယ်လို့... တကယ်လို့... Sir Donau က သူမကို တကယ်ချစ်နေရင်ရော?"

အခုထိတော့ ဒီလျှို့ဝျက်ချက်က ဧကရာဇ်တစ်ယောက်တည်းသာသိနေသေးသည်.

Poliana က ချစ်စရာကောင်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်.

Sir Donau လိုမျိုးပဲ တခြားသူတွေက ဒီအချက်ကို သိသွားခဲ့ရင်ရော? Poliana ကို အသိအမှတ်ပြုပြီး လက်ထပ်လာနိုင်တဲ့အမျိုးသားတွေရှိလာရင် သူက အဆင်ပြေသွားမှာလို့ Lucius က တွေးထားခဲ့ပြီး အခု တကယ်ဖြစ်လာတော့မှာဆိုတော့..... Lucius က ဘာလုပ်ရမလဲ မသိတော့ချေ. သူက Sir Ainno ကို မေးလိုက်သည်.

"Inno.... ငါဘာလုပ်ရမလဲ?"

"ပြဿနာရှာလိုက်မလား?"

Lucius က မင်အိုးနဲ့ သူ့သူငယ်ချင်းကို ကောက်ပေါက်လိုက်တော့ Sir Ainno က အလွယ်တကူဖမ်းလိုက်ကာ စားပွဲခုံပေါ် ပြန်တင်လိုက်သည်. Sir Ainno က ဆက်ပြောလာသည်.

"အရှင် စိတ်ငြိမ်အောင်နေပါဦး. အခုက အရှင်နဲ့လုံးဝမတူဘူးဖြစ်နေတယ်. အရှင့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့လိုနေတယ်"

"'အရှင်နဲ့မတူဘူး' ဆိုတာ ဘာကိုပြောချင်နေတာလဲ?!"

"ကျွန်တော့်ကို ပြောဖူးနေကြစကားမျိုး မပြောတာကို ပြောတာအရှင်"

ဘာလို့လဲ? သူကဧကရာဇ်ဖြစ်နေတာနဲ့ပဲ ဘာလို့ သူနေချင်သလို နေလို့မရတာလဲ? သူခံစားရတဲ့အတိုင်း ဖော်ပြလို့မရဘူးလား? သူခံစားနေရတာကို ဘာလို့ ပြောပြလို့မရတာလဲ?

အမျိုးသားနှစ်ယောက်ဟာ အချိန်အတော်ကြာတဲ့အထိ တိတ်ဆိတ်နေသည်. မိနစ် ၃၀လောက်ကြာပြီးတဲ့နောက်တော့ Sir Ainno က ဧကရာဇ်ကို ပြောလိုက်သည်.

"တကယ်လို့ ဒီအခြေအနေကို လက်မခံနိုင်ဘူးဆိုရင် ဘာလို့ Sir Poliana ကို အရှင့်ကိုယ်လုပ်တော်အဖြစ် မသိမ်းယူလိုက်တာလဲ?"

"မဖြစ်ဘူး. ငါအဲ့လိုလုပ်လို့မရဘူး. သူမကို သင့်တော်ကောင်းမွန်တဲ့လူငယ်တစ်ယောက်က လက်ထပ်သင့်တာ, ငါက ငါ့ရဲ့တရားဝင်ဇနီး ဧကရီထက် နိမ့်တဲ့အခြေအနေမျိုးကို ဘယ်လိုလုပ် သူမကို ကမ်းလှမ်းလို့ဖြစ်မှာလဲ?"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now