အခန်း ၂၃

125 21 0
                                    

ပင်မတပ်ဖွဲ့က မြစ်ကိုဖြတ်ဖို့ ထွက်သွားချိန်မှာ ကျန်ခဲ့တဲ့စစ်သားတွေကတော့ လေ့ကျင့်ရေးနဲ့ စစ်စခန်းကို တိုးချဲ့ဖို့ လုပ်နေကြသည်.

တစ်ချို့ကတော့ Aehas နဲ့ Kukda က ဒေသခံတွေကို ကူညီဖို့ လုပ်အားပေးသွားကြသည်

နယ်မြေသိမ်းပြီးတဲ့နောက်မှာ ဒေသခံတွေဆီကနေ အမြင်ကောင်းရဖို့ကလဲ အရေးကြီးလေသည်

Sir Bauffalo က ဒေသခံတွေကို ကူညီဖို့ သွားတဲ့ စစ်သားတွေကို ကြီးကြပ်ဖို့ လိုက်ပါသွားပြီးတော့ Poliana က သူ့အစား စစ်စခန်းကို ကြည့်ရှုစောင့်ရှောက်ရန်နေခဲ့လိုက်သည်

Donau ကို သူမဘယ်လိုလုပ်လိုက်တယ်ဆိုတာ သိပြီးတဲ့နောက် ဘယ်သူမှ သူမကို မလေးမစားမလုပ်ကြတော့ဘူး

အနည်းဆုံးတော့ သူမအရှေ့မှာပေါ့

သူတို့တွေက သူမအရှေ့မှာ တံတွေးမထွေးကြတော့ဘူး.. သူတို့က သူမထွက်သွားတဲ့အထိ စောင့်လိုက်ကြတယ်. စစ်သားတွေက သူမကို ခွေးမလို့လဲ မခေါ်တော့ဘူး.

သူတို့အနေနဲ့ သူမကို စကားပြောဖို့ လိုအပ်လာတဲ့အခါမှာတော့ သူတို့တွေက သူမကို အနေရခက်စွာကြည့်လိုက်ပြီးတော့ ခေါ်ကြတယ်

"ဟေ့.." ဒါမှမဟုတ် "ဟိုနားက တစ်ယောက်..."

တစ်ချို့စစ်သည်တွေကတော့ သူမကို "Sir" လို့ခေါ်လာကြပေမဲ့ သူမနာမည်အပြည့်အစုံ "Sir Poliana"လို့တော့ ဘယ်တော့မှ မခေါ်ကြဘူး.

တစ်ချို့လူတွေက သူမဟာ ယောက်ျားလေးအစစ်ဖြစ်တယ်လို့ တွေးပြီးတော့ ကိုယ့်ကိုကိုယ်နှစ်သိမ့်တဲ့အနေနဲ့ "Sir Paul" လို့ ခေါ်ကြတယ်

သူမ စစ်စခန်းကလူတွေက အဲ့လိုပြောင်းလဲသွားကြပေမဲ့ မပြောင်းလဲပဲ ကျန်နေတဲ့သူကတော့ ရှိသေးတယ်

Donau

အခုနောက်ပိုင်း သူက သူမကို စိန်ခေါ်ဖို့ ကြိုးစားနေတယ်

"ကျွန်တော် ခင်ဗျားနဲ့ နှစ်ယောက်တည်းချဖို့ စိန်ခေါ်တယ်"

"ဟမ့်.. မင်းလို့အမွှေးမရှိသေးတဲ့ကောင်လေးကများ? မင်းသေချင်နေတာလား?"

ဟိုတစ်ခါတိုက်ခိုက်ခံရပြီးထဲက Donau က အကာအကွယ်အဖြစ် ခွက်တစ်လုံးနဲ့ ကာထားတော့တယ်. အဲ့အချိန်မတိုင်ခင်ကတော့ သူက Poliana ကို အနိုင်ကျင့်ခဲ့ပြီး အခုကျတော့ သူမကို ပွင့်ပွင့်လင်းလင်းစိန်ခေါ်နေသည်.. သူမက အဲ့နေရာကို ခွက်နဲ့ကာထားတာဟာ အလုပ်မဖြစ်ဘူးဆိုတာ သက်သေပြတဲ့အနေနဲ့ သူ့ကို ထပ်ကန်လိုက်ပေမဲ့ Donau က သင်ခန်းစာမရသေးဘူး

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now