အခန်း ၃၈

104 19 2
                                    

Acreian စစ်တပ်က ပိုပြီးတော့ အင်အားတောင့်တင်းလာသည်

ရန်သူ့စစ်စခန်းက မြောက်ဘက်တွင် အဓိကအားဖြည့်ထားတာကြောင့် ပြည်နယ်ထဲမှာရှိနေတဲ့ Bebero အုပ်ချုပ်ရေးရုံးတွေအတွက် ထိတ်လန့်စရာဖြစ်နေသည် သူတို့က Koemong မြစ်ကို နယ်စပ်အကာအကွယ်အဖြစ် ထားရှိတာကြောင့် သူတို့က သက်တောင့်သက်သာနေခဲ့ကြသည်

ဒါပေမဲ့ အခုတော့ မရတော့ဘူး

Bebero က တိုက်ခိုက်တာက Aehas နဲ့ Kukda ကို တိုက်ခိုက်သိမ်းပိုက်တာထက်အများကြီးပိုလွယ်ခဲ့သည် 

Lucius က Bebero ဘုရင်ကို အညံ့ခံဖို့ တောင်းဆိုလိုက်တဲ့အခါမှတော့ သူက ချက်ချင်းအလျော့ပေးခဲ့သည် နောက်ဆုံးမှာတော့ Lucius က မြောက်ပိုင်းဒေသတစ်ခုလုံးရဲ့ အုပ်ချုပ်သူဖြစ်လာခဲ့သည်

Poliana က ထောက်ပံ့ရေးတပ်ဖွဲ့မှာ ရှိနေတုန်းပဲဖြစ်သည်. သူမက ထောက်ပံ့ရေးပစ္စည်းတွေကို သေချာစစ်ဆေးပြီး အမျိုးအစားတွေအလိုက်ခွဲကာ စနစ်တကျစုစည်းနေသည်.

သူမက အလုပ်များနေတာကြောင့် နေ့လည်စာစားဖို့တောင် အချိန်မရဖြစ်နေသည်.

မြစ်ကိုဖြတ်ပြီးတော့ Bebero ကို မသိမ်းယူခင်က Acreia အတွက် ထောက်ပံ့ရေးပစ္စည်းတွေရဖို့ လွယ်ကူခဲ့သည် သူတို့လိုသမျှကို Aehas နဲ့ Kukda ကနေ အလွယ်တကူ ရယူနိုင်ခဲ့သည်

ဒါပေမဲ့ Bebero မှာကျတော့ Koemong မြစ်ကခံနေတာကြောင့် အခက်အခဲအများကြီးရှိလာသည်. ထောက်ပံ့ရေးပစ္စည်းတွေကို လှေတွေနဲ့ သယ်ယူပို့ဆောင်တာက လူရော အချိန်ရော ကုန်သည်.

သူတို့ တောင်ဘက်ကို ဆက်သွားရင် ဒါက ပိုဆိုးသွားနိုင်တာကြောင့် သူတို့အနေနဲ့ Bebero ကနေ အရင်းအမြစ်အများကြီးလိုအပ်သည်

ကံကောင်းစွာနဲ့ Bebero က Aehas နဲ့ Kukda ထက်စာရင် ပိုပြီးတော့ ချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်နေသည်. သူတို့ဆီမှာ အစားအသောက်နဲ့ နေ့စဉ်လိုအပ်တဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေ လုံလုံလောက်လောက်ရှိသည်

ဒါပေမဲ့ ဒီလိုအလျှံအပယ်ရှိနေတယ်ဆိုတာက Poliana နဲ့ Sir Baufallo အတွက် ခါတိုင်းထက်ပိုပြီးတော့ အလုပ်များသွားစေသည်. သူတို့က အားလုံးကိုရေတွက်ပြီးတော့ မှတ်တမ်းတင်ဖို့လိုအပ်သည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now