အခန်း ၁၃၂

70 9 6
                                    

လတ်တလောဖြစ်ရပ်တွေကြောင့် Poliana က သူမရဲ့ တော်ဝင်ကိုယ်ရံတော်ခေါင်းဆောင်ရာထူးကနေ နှုတ်ထွက်လိုက်ရသည်. တော်ဝင်ကိုယ်ရံတော်တွေက အုပ်စုလိုက်ရန်ဖြစ်တာကြောင့်, သူတို့ကို အကျဉ်းချထားတာတွေကြောင့် သူမ တာဝန်မယူပဲနေလို့မရပေ.

Sir Wook, Sir Jainno နဲ့ တခြားကိုယ်ရံတော်တွေကလဲ နှုတ်ထွက်စာတင်လိုက်ကြသည်. Poliana နဲ့ ဒီလူတွေက ဧကရာဇ်ရဲ့ ယုံကြည်မှုနဲ့ နှစ်သက်သဘောကျမှုကို ဆုံးရှုံးလိုက်ရပြီလို့ လူတော်တော်များများက ထင်နေကြသည်.

တချိန်တည်းလိုလိုမှာပဲ အမျိုးသမီးတွေကို ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခွင့်ဥပဒေကို ပြဌာန်းလိုက်ပြီး Poliana Winter က Marquess ရာထူးကို တရားဝင်ရလိုက်သည်.

Marquess Winter

သူမရဲ့ အထက်တန်းလွှာအဆင့်အသစ်အတွက် ဘယ်သူကမှ ဂုဏ်ပြုစကားမပြောကြပေ. သူမက ရဲတိုက်ထဲ လျှောက်သွားနေတော့ တခြားအထက်တန်းလွှာကလူတွေက သူမနဲ့မတွေ့မိအောင် ကြိုးစားနေကြသည်. သူမက အခုလောလောဆယ်မှာ Marquess ဖြစ်ရင်ဖြစ်နိုင်ပေမဲ့ သူမဘွဲ့ကို ဘယ်အချိန်မှ ဆုံးရှုံးသွားမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပေ. သူမက သူမရာထူး, ဘွဲ့တွေ, စည်းစိမ်တွေနဲ့ ဧကရာဇ်ရဲ့ နှစ်သက်သဘောကျမှုတွေ အပါအဝင် အရာအားလုံးကို တဖြည်းဖြည်းဆုံးရှုံးသွားမှာလို့ လူတွေက ယုံကြည်နေကြသည်.

သူမက ကိုယ်ရံတော်မဟုတ်တော့တာကြောင့် သူမရဲ့ ဝတ်စုံအပြာရောင်ကို မဝတ်ရတော့ပေ. သူမ သာမာန်ရှပ်အင်္ကျီနဲ့ ဘောင်းဘီဝတ်ကာ လျှောက်သွားနေတော့ လူတွေက သူမကို အံ့ဩတကြီးနဲ့ ကြည့်နေကြသည်.

"သူမက ရဲတိုက်ထဲမှာ ဒီလိုဝတ်ရဲတယ်?"

"သူမဘွဲ့ကိုလဲ သိပ်မကြာခင်မှာ ဆုံးရှုံးသွားမှာဆိုတာ ငါသေချာသိနေတယ်"

"ဒါကြောင့် အမျိုးသမီးတစ်ယောက်ကို ဘာပိုင်ဆိုင်ခွင့်မှ မပေးသင့်တာ ကိုယ်ပိုင်ဘွဲ့ဆို ပိုဆိုးသေး"

"ဟမ်,.. နောက်လာမဲ့ တော်ဝင်ကိုယ်ရံတော်ခေါင်းဆောင်က ဘယ်သူဖြစ်မလဲဆိုတာတော့ သိချင်တယ်"

လတ်တလောဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ Marquis Seeze က တော်တော်လေး ပျော်ရွှင်နေသည်. တိုင်းတစ်ပါးသားအမျိုးသမီးတစ်ယောက်က တော်ဝင်ကိုယ်ရံတော်ခေါင်းဆောင်တဲ့လား? Poliana ကို ဒီလိုရာထူးမြင့်တဲ့နေရာမှာ မြင်နေရတာက သူ့ကို စိတ်အနှောင့်အယှက်ပေးနေတာဖြစ်ပြီး အခုတော့ သူမက သွားပြီ... ရန်ပွဲဖြစ်ပြီးတဲ့နောက်မှာ သူမကို ဖယ်ရှားဖို့ တောင်းဆိုသူတွေထဲမှာ သူက အပြင်းထန်ဆုံးဖြစ်သည်. သူ့အစီအစဉ်အတိုင်း အကောင်အထည်ပေါ်သွားတော့ သူက အလွန်အမင်းကျေနပ်နေသည်. သူက သူ့နယ်မြေကသာ ရနိုင်တဲ့ အထူးထုတ်လုပ်ထားတဲ့ ရေခဲဝိုင် ပုလင်းတွေကို သူနဲ့ ရင်းနှီးတဲ့သူတွေကို လက်ဆောင်ပေးလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now