အခန်း ၂

277 30 2
                                    

Poliana အသက် ၁၄ နှစ်ရောက်တော့ သူမကို စစ်တပ်ထဲ ဆွဲခေါ်သွားခြင်းခံလိုက်ရတယ်. တခြားတော်ဝင်မျိုးနွယ်က ယောက်ျားလေးတွေကလဲ သူမလိုပဲ ဆွဲခေါ်ခံရပြီးတော့

သူတို့ထဲက တစ်ချို့က ငိုကြွေးနေကြပြီး တစ်ချို့ကတော့ ဒေါသတကြီး အံကြိတ်နေကြသည်

သူတို့က Poliana နဲ့ တူညီတဲ့ အနေအထားမှာရှိသည်. သူတို့က သူမလုပ်ခဲ့သလိုပဲ တိုက်ပွဲကို သွားရမှာ ဖြစ်တယ်

ဒါပေမဲ့ သူတို့မိဘတွေနဲ့ ဆွေမျိုးတွေက သူတို့လုံခြုံရေးအတွက် လာဘ်ထိုးထားကြသည်.

Poliana က တပ်စိတ်ထဲမှာ တစ်ဦးတည်းသော မိန်းကလေးဖြစ်တယ်.

ဒါပေမဲ့ သူမက ယောက်ျားလေးမဟုတ်ဘူးဆိုတာက ဘယ်သူကမှ မသိကြဘူး.

ပထမအချက်က သူမက ယောက်ျားလေးအများစုထက် အရပ်မြင့်ပြီးတော့ သူမဆီမှာ ဘာအဖုအထစ်မှ မရှိသေးဘူး

သူမအသားအရေက နေလောင်ထားတာကြောင့် မဲနေပြီး အမာရွတ်တွေကလဲ အပြည့်ရှိနေသေးတယ်. ပြီးတော့ သူမဆံပင်က အရမ်းတိုတယ်..

တိုင်းပြည်ထဲက ဘယ်အမျိုးသမီးကမှ (သာမာန်ပြည်သူတွေတောင်) သူတို့ဆံပင်ကို ဒီလောက်တိုအောင် မညှပ်ကြဘူး

တော်ဝင်မျိုးနွယ်က အမျိုးသားအများစုဆို ဆံပင်ရှည်တောင် ထားကြသေးတယ်

ပြီးတော့ Poliana က တခြားယောက်ျားလေးတွေနဲ့ တူအောင် ဝတ်ဆင်ထားတယ်. ဘောင်းဘီနဲ့ စစ်ချပ်ဝတ်တန်ဆာနဲ့ ပြီးတော့ ခါးပတ်မှာ ဓါးတစ်ချောင်းချိတ်ထားသည်.

ဘယ်သူကမှ သူမက အမျိုးသမီးတစ်ယောက်ဆိုတာ စဉ်းစားမိမှာ မဟုတ်ဘူး.

လူတိုင်းက သူမကို အထက်တန်းမျိုးနွယ်တစ်ခုက ကလေကချေကောင်တစ်ကောင်လို့ပဲယူဆကြတယ်

ယောက်ျားလေးတွေကို သူတို့မိသားစုတွေက ပို့ဆောင်နှုတ်ဆက်ကြပေမဲ့ Poliana ကတော့ သူမကို နှုတ်ဆက်စကားလာပြောတဲ့ စစ်သည်အိုကြီးကလွဲရင် သူမတစ်ယောက်တည်းဖြစ်တယ်

ကောင်လေးတွေရဲ့ မိသားစုဝင်တွေက ငိုယိုနေကြပြီး ကံကောင်းစေဖို့အတွက် လက်ကိုင်ပုဝါတွေကို လက်ဆောင်အဖြစ် ထည့်ပေးနေတယ်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now