အခန်း ၁၀

145 33 0
                                    

Poliana က ဒီဘုရင်ရဲ့စကားက ဘာပြောချင်တာလဲဆိုတာကို သူမနားမလည်ဘူး. 

သူမနားထဲမှာ သံစုံမြည်နေတယ် ပြီးတော့ စိတ်ရှုပ်စွာနဲ့ သူမကို သတ်ဖို့ ထပ်ပြောလိုက်တယ်

ဒါပေမဲ့ သူမက ဘုရင့်ဆီကနေ တူညီတဲ့စကားကိုပဲ ထပ်ကြားလိုက်ရတယ်

"အရမ်း အထင်ကြီးဖို့ကောင်းတယ်"

'သူက ငါ့ကို ကဲ့ရဲ့နေတာလား? သူက ဝမ်းနည်းနေတာလား?'

သူမလုပ်လိုက်တဲ့ ပြဿနာက တော်တော်လေးအထင်ကြီးဖို့ကောင်းတာကိုတော့ သူမ သဘောတူလိုက်သည်

ဒီဘုရင်အနေနဲ့ သူမတကိုယ်လုံးနာကျင်နေတာတောင်မှ မတ်တပ်ရပ်နေနိုင်သေးတဲ့ မိန်းကလေးမျိုးကို မြင်ဖူးမှာ မဟုတ်ဘူး

သူမ နာကျင်နေတာတောင်မှ ကျေနပ်နေမိသည် သူမရဲ့စော်ကားမှုကြောင့် ဘုရင်က သူမကို သတ်တော့မယ်ဆိုတာ သူမ သေချာသွားသည်

စစ်သည်တစ်ယောက်လို သေဆုံးခြင်းမျိုးတော့ မဟုတ်ပေမဲ့ ဒီလောက်ကပဲ သူမအတွက် တော်တော်လေး ကောင်းနေပြီ

"တကယ့်ကို အရမ်းအထင်ကြီးဖို့ကောင်းတယ်"

Lucius က သူ့ကိုယ်သူထပ်ပြောလိုက်တယ် ပြီးတော့ ဒါက သူ့အနေနဲ့ စကားတစ်ခွန်းကိုပဲ ၃ ကြိမ်မြောက်ပြောခြင်းဖြစ်တယ်

ဒီလူက သူမကို ဘယ်လောက်အထိ ကဲ့ရဲ့နေမှာလဲ? ဒီဟာကို အဆုံးသတ်ဖို့ လိုနေပြီ 

Poliana ရဲ့ ပါးစပ်က သွေးတွေအပြည့်ပဲ ပြီးတော့ သူမခေါင်းမူးနေပြီ

ဒါပေမဲ့ သူမက သူမစကားတွေကို သေချာပြောလိုက်သည်

"အပျိုစင် စစ်သမီးသေဆုံးခြင်းရဲ့ မုန်းတီးခြင်းက အမျိုးသမီးတစ်ယောက် အဓမ္မကျင့်ခံရပြီး သေဆုံးသွားရတာလောက် မပြင်းထန်ဘူး. တကယ်လို့ မင်းငါ့ကို အခုသတ်လိုက်ရင် ငါ မင်းနဲ့ မင်းလူတွေကို ဘယ်တော့မှ မခြောက်လှန့်ဘူး ဒါကြောင့် အခု အဆုံးသတ်ပေးပါတော့"

"မင်း ငါနဲ့ လက်မတွဲချင်ဘူးလား?"

ဘုရင်က စကားတွေကို သွယ်ဝိုက်ပြီးတော့ ပြောမနေတော့ဘူး ပြီးတော့ Acreian နဲ့ Aehas ဘာသာစကားတွေက သိပ်မကွာဘူး

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now