အခန်း ၁၉၀

45 4 0
                                    

Duke Luzo ရဲ့ သားလေးကို နို့ထိန်းတွေက ပြန်ခေါ်သွားတာကြောင့် Lucius က စိတ်ပျက်စွာနဲ့ ကြည့်လိုက်သည်. သူက Duke Luzo ကို ပြောလိုက်သည်.

"ကလေးက မင်းငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲ. သူက အရမ်းချောတဲ့ ကောင်လေးပဲ"

"အို, ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အရှင်က ပိုချောတယ်လို့ ကျွန်တော်ထင်တာပဲ. ပြီးတော့ အရှင့်ကလေးက အရှင်နဲ့ပဲတူတူ Lady Rebecca နဲ့တူတူ သေချာပေါက် အရမ်းချောတဲ့ ကလေးဖြစ်လာမှာ အရှင်"

"ကလေးက ကျန်းမာနေသရွေ့ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် ငါဂရုမစိုက်ဘူး. ကလေးက ကျန်းမာရေးကောင်းရင်ပဲ ငါပျော်တယ်"

Lady Rebecca က ကလေးပျက်ကျနိုင်တဲ့ အခြေအနေမျိုးဖြစ်ဖူးတာကြောင့် Lucius က သူမနဲ့ ကလေးအတွက် စိတ်ပူနေခဲ့သည်. သူတို့ကျန်းမာရေးကောင်းဖို့ပဲ သူမျှော်လင့်သည်. သူ့ကလေးက ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် သူဂရုမစိုက်ပေ. ဒီကလေးဆီမှာ လက်ညှိုးတစ်ချောင်း ဒါမှမဟုတ် ခြေတစ်ချောင်းမရှိရင်တောင်မှ သူဂရုမစိုက်ပေ. ဒီကလေးက ကျန်းမာရေးကောင်းနေဖို့ပဲလိုသည်.

အလုပ်လုပ်ဖို့ အချိန်ရောက်လာပြီဖြစ်တာကြောင့် Duke Luzo က သူ့အစေခံတွေကို ထွက်သွားခိုင်းလိုက်သည်. ဒီနေ့ကတော့ ရှည်လျားတဲ့ နေ့တစ်နေ့ဖြစ်လာတော့မှာဖြစ်သည်. ဧကရာဇ်က Nanaba မှာ နေတဲ့အချိန်အတွင်းမှာ ဘာအလုပ်မှမလုပ်ပဲ သူ့တူနဲ့သာ ဆော့ကစားချင်ပေမဲ့ တိုင်းပြည်ရဲ့အုပ်ချုပ်သူဖြစ်နေတဲ့အတွက်ကြောင့် သူ့မှာ အနားယူဖို့ အချိန်မရှိပေ. သူ့မှာ လုပ်စရာတွေ ပုံနေခဲ့သည်. သူက ဒီတိုင်းပြည်ရဲ့ အာဏာအရှိဆုံးသူဖြစ်နေပေမဲ့ သူ့စိတ်တိုင်းကျ အနားယူခွင့်မရှိတာကြောင့် ဝမ်းနည်းနေခဲ့သည်. သူအလုပ်လုပ်နေတဲ့အချိန်အတွင်းမှာ သူ့စိတ်ခံစားချက်တွေကို ကောင်းလာစေတဲ့အချက်က သူအလုပ်ပိုလုပ်ထားမှသာ သူအသက်ကြီးလာတဲ့အခါ သက်တောင့်သက်သာအနားယူနိုင်မှာ ဆိုတဲ့ အချက်ဖြစ်သည်.

Lucius က သူ့ညီဝမ်းကွဲကို မေးလိုက်သည်.

"ကဲ အခု ဘာတွေဖြစ်နေလဲ?"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now