အခန်း ၁၇၀

46 5 0
                                    

ရွှေရောင်ဆံပင်တွေနဲ့ လှပတင့်တယ်လျက်ရှိနေတဲ့ Lucius က စာရွက်စာတမ်းတွေ စာအုပ်တွေနဲ့ ပြည့်နေတဲ့ သူ့အလုပ်စားပွဲမှာ ထိုင်နေသည်. သူက လမ်းအသုံးပြုခကောက်ခံမှုကြောင့် ခရီးသွားရအဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေဆီကနေ အသနားခံစာတွေကို ဖတ်ရှုနေသည်. သူက မျက်မှောင်ကြုံ့ကာ ဘာလုပ်သင့်လဲဆိုတာကို စဉ်းစားနေသည်.

လမ်းအသုံးပြုခကောက်ခံတာဟာ နယ်မြေပိုင်ရှင်တွေအနေနဲ့ ငွေကြေးတိုးပွားလာဖို့ အသေချာဆုံးနဲ့ အဆင်ပြေဆုံးနည်းလမ်းဖြစ်သည်. သူတို့က နယ်မြေချင်းထိစပ်နေတဲ့ တိုင်းပြည်တွေနဲ့လဲ ညှိနှိုင်းမှုတွေပြုလုပ်နိုင်တာကြောင့် ဒါက သူတို့ရဲ့ အာဏာအသုံးချမှုတစ်မျိုးလဲဖြစ်သည်. တိုင်းပြည်တွေအားလုံးကို စုစည်းထားတဲ့ တော်ဝင်မိသားစုအဖို့တော့ ဒီစည်းကမ်းကို တားမြစ်လိုက်တာက အကောင်းဆုံးဖြစ်သည်. လူတိုင်းအတွက် လမ်းအသုံးပြုခမကောက်ခံပဲ လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုလိုက်တာက ကုန်စည်စီးဆင်းမှုကို ပိုမိုတိုးတက်လာစေမှာပဲ ဖြစ်သည်. ဒီတိုက်ကြီးတစ်ခုလုံးက ဧကရာဇ်တစ်ပါးတည်းရဲ့လက်အောက်မှာ ရှိနေပြီး အုပ်ချုပ်ရေးစနစ်အသစ်ကိုလဲ အတည်ပြုပြီးဖြစ်တာကြောင့် နည်းလမ်းအရဆိုရင်တော့ ဒီနယ်မြေတွေက ဧကရာဇ်ဆီကနေ ငှားရမ်းအသုံးပြုနေတာပဲဖြစ်သည်. လမ်းအသုံးပြုခကောက်ခံတာကို တားမြစ်တာက ပြဿနာမဖြစ်သင့်ပေ.

ဒါပေမဲ့ ဒီနယ်မြေတွေကို ပိုင်ဆိုင်ထားတဲ့ အထက်တန်းလွှာတွေကတော့ ခုခံလာနိုင်တာကို ဧကရာဇ်အနေနဲ့ ကောင်းစွာသဘောပေါက်ထားသည်.

'တောင်ပိုင်းကတော့ လက်ခံမှာပဲ. အလယ်ပိုင်းကလဲ အဆင်ပြေလောက်တယ်'

သေးငယ်တဲ့တိုင်းပြည်လေးတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ တောင်ပိုင်းဒေသက သူတို့ဘုရင်တွေရဲ့ အမိန့်ကို ငြင်းဆန်လေ့မရှိပဲ နာခံတတ်ကြသည်. အခု Lucius က သူတို့ရဲ့ ဧကရာဇ်ဖြစ်လာချိန်မှာတော့ သူ့အနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲချချ သူတို့က သဘောတူလက်ခံမှာဖြစ်သည်. အလယ်ပိုင်းဒေသကလဲ ဧကရာဇ်အပေါ်ကို သစ္စာရှိတာကြောင့် သူတို့တွေကလဲ Lucius ကို ကောင်းစွာထောက်ခံပေးနိုင်သည်.

Emperor and the Knightness (Zawgyi) Book - 1Dove le storie prendono vita. Scoprilo ora