အခန်း ၃၇

108 19 2
                                    

Poliana ပထမဦးဆုံးသတ်လိုက်တဲ့သူက သေခါနီးလူတစ်ယောက်ဖြစ်တယ်. စစ်ပွဲအတွင်းမှာ သူတို့ပထမဆုံးလူသတ်မိပြီး ကြောက်ရွံတာကို ကာကွယ်ဖို့အတွက် စစ်သားအသစ်တွေကို လူသတ်နည်းအရင်လေ့ကျင့်ပေးရသည်

Poliana က သူမ တရားဝင်စစ်မှုမထမ်းခင်မှာပင် လူ ၃ ယောက်သတ်ပြီးနေပြီ. သူမဆရာက သူမလေ့ကျင့်ဖို့အတွက် လူ၃ယောက် ယူလာခဲ့သည်. သူက ဒီလူတွေရဲ့ ပြစ်မှုကို သူမကိုမပြောပြခဲ့ပေ. သူက သူတို့မျက်နှာတွေကိုတောင် အုပ်ထားပေးခဲ့သည်

စစ်သည်အိုကြီးက သေဆုံးခြင်းက အဆုံးသတ်ပဲဆိုတာကို သူမကို ပြောပြခဲ့သည်. အသတ်ခံရတာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို သတ်တာပဲဖြစ်ဖြစ် အဲ့တာက ဘဝတစ်ခုရဲ့ အဆုံးသတ်ဖြစ်တယ်

'မစဉ်းစားနဲ့. မင်းအသတ်မခံရခင်သာ အရင်သတ်လိုက်'

အထက်တန်းလွှာက အမျိုးသမီးတစ်ယောက်လေ့ကျင့်ဖို့အတွက် ဝက်တစ်ကောင်ဖြစ်ကာ အသတ်ခံရတာက ကျွမ်းကျင်ပါးကွက်သား သတ်တာခံရတာထက်ပိုကောင်းသည်. ဒီလူတွေက သူတို့ကံကြမ္မာက သတ်မှတ်ပြီးသားဖြစ်နေပြီ ဒါပေမဲ့ သူတို့ကို လျော်ကြေးပေးထားတာကြောင့် သူတို့က လက်ခံလိုက်ကြသည်. ဒီပိုက်ဆံတွေက သူတို့မိသားစုတွေအတွက် ဖြစ်သည်

စစ်သည်အိုကြီးက Poliana ကို ပြောလိုက်တယ်

"ဓါးသမားကောင်းတစ်ယောက်က ဓါးတစ်ချက်ရမ်းလိုက်ရုံနဲ့ လူတစ်ယောက်ခေါင်းကို အသာလေးဖြတ်လိုက်လို့ရတယ်. ပါးကွက်သားကောင်းတစ်ယောက်ကလဲ လူတစ်ယောက်ကို နာကျင်ခြင်းမရှိပဲ သတ်ပေးနိုင်တယ် Poliana မင်းကတော့ ယောက်ျားတွေလို အားမရှိဘူး. မင်းသူတို့အသားတွေကိုတော့ဖြတ်လို့ရမယ် အရိုးတွေတော့ ဖြတ်လို့မရဘူး. ဒါကြောင့် မင်းက ဘယ်လိုသတ်ရမလဲဆိုတာ သင်ယူစရာမလိုဘူး. ဘယ်လိုလုပ်ရင် အနာကျင်ဆုံးဖြစ်မလဲဆိုတာကို လေ့လာရမယ်. မင်းလက်နက်ကို ရမ်းနေရင်းနဲ့ နံရိုးတွေကြားကနေ အဆုတ်ထိအောင် ထိုးတာက ပိုမြန်တယ်. မျက်လုံးတွေကလဲ တိုက်ခိုက်လို့အလွယ်ဆုံးပဲဆိုတာ မမေ့နဲ့. ယောက်ျားတစ်ယောက်က လက်သီးသပ်သပ်နဲ့တင် လူသတ်နိုင်ပေမဲ့ အမျိုးသမီးကတော့ မသတ်နိုင်ဘူး. ဒါကြောင့် မင်းတိုက်ခိုက်တဲ့အချိန်ကျရင် မင်းမှာရှိသမျှအားတွေအကုန်သုံးပြီးတော့ တတ်နိုင်သလောက် မြန်မြန်တိုက်. မကောင်းဆိုးဝါးဝင်ပူးနေသလိုမျိုး စိတ်လွတ်နေသလိုမျိုးရက်ရက်စက်စက်တိုကိခုက်ရမယ်. မင်းရန်သူတွေက မင်းကို အဲ့လိုပုံစံနဲ့တွေ့လိုက်ရင် မင်းနောက်ကို လိုက်မှာမဟုတ်တော့ဘူး"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now