အခန်း ၁၄၉

62 8 0
                                    

Lady Rebecca က သူမကို စော်ကားပြောဆိုလိုက်တယ်လို့ ခံစားမိတာကြောင့် Poliana က တစ်ချက်တုန့်သွားသည်.

"Lady Rebecca..."

Rebecca က Poliana ရဲ့လက်ကို ဖမ်းဆုပ်လိုက်သည်. သူမလက်တွေက နူးညံ့နေပြီး ကိုယ်ပူနေတာကြောင့် အနည်းငယ်ပူနွေးနေသည်. သူမက နူးညံ့စွာနဲ့ ပြောလာသည်.

"Sir Poliana ကျွန်မက ရှင်နဲ့ အရှင့်ရဲ့ဆက်ဆံရေးကို စော်ကားပြောဆိုနေတာမဟုတ်ပါဘူး. အရှင်က ရှင့်ကို အရမ်းတန်ဖိုးထားတာကို ပြောချင်တာပါ"

"ငါက ကံကောင်းတာပါ ဒါပေမဲ့ Lady Rebecca, အရှင့်က သူ့ရဲ့ဇနီးတွေထက် ငါ့ကို ပိုပြီး ဂရုစိုက်တယ်ဆိုတဲ့ သံသယမျိုးမဝင်ပါနဲ့"

"အရှင်က ဇနီးတွေအများကြီးထပ်ယူလို့ရတယ် ဒါပေမဲ့ သစ္စာရှိစစ်သည်တစ်ယောက်ကိုတော့ အစားထိုးဖို့ ခက်လိမ့်မယ်"

Rebecca က Poliana ရဲ့လက်ကိုလွှတ်ပေးရင်း အထီးကျန်နေသလိုမျိုး ပြုံးပြလိုက်သည်. Rebecca က သူမစောင်ကို ငုံ့ကြည့်ကာ မေးလိုက်သည်.

"Marquess, ရှင် ယောက်ျားတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိခဲ့ဖူးလား?"

"ဘယ်တုန်းကမှ မရှိခဲ့ဘူး"

Poliana က ဒီလိုမေးခွန်းမျိုးကို မကြာခဏမေးခံရဖူးပြီး အကြိမ်တိုင်းမှာလဲ သူမအဖြေက ပြတ်သားခဲ့သည်. ဒီအချက်က သူမကို မေးခွန်းမမေးလာခင်အထိ သူမ ဘယ်တုန်းကမှ မစဉ်းစားဖူးတဲ့အရာဖြစ်ပြီး သူမအဖြေက လူတွေကိုအံ့ဩသွားစေသည်. အကြိမ်တိုင်းမှာလဲ နောက်ဆက်တွဲမေးခွန်းတစ်ခုက ပါလာတတ်သည်.

"ဘာလို့လဲ? သူမလိုဘဝမျိုးဖြစ်နေပြီးကာမှ ဘာလို့ ယောက်ျားတစ်ယောက်မဖြစ်ချင်ရတာလဲ?"

လူတွေပြောကြတဲ့ "သူမလိုဘဝမျိုး" ဆိုတာက ဘာအဓိပ္ပါယ်လဲ? ဒီမေးခွန်းကို Lucius ရဲ့ အနှစ်သက်ဆုံး စစ်သည်ဖြစ်မလာခင်နဲ့ ဖြစ်လာပြီးချိန်မှာမေးလာကြတာက ရယ်စရာဖြစ်သည်. ဘာလို့လဲ?

အမျိုးသမီးတွေက အသက်ရင်းပြီး စစ်တိုက်စရာမလိုတာကြောင့် စစ်အတွင်းမှာတော့ စစ်သားတွေကို အမျိုးသမီးတစ်ယောက်ဖြစ်ချင်လားလို့ ဘယ်သူကမှ မမေးကြပေ. ဘယ်သူကမှ ဒီလိုမေးခွန်းကို မေးဖို့ မစဉ်းစားကြတဲ့အချိန်မှာ သူမကို ယောက်ျားတစ်ယောက်အဖြစ် မွေးဖွားခဲ့ချင်လားလို့ ဘာလို့ မေးကြတာလဲ?

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now