အခန်း ၃၀

109 19 0
                                    

Poliana က ဒီလိုအခြေအနေမျိုးတွေနဲ့ အသားမကျဘူး

သူမက Sir Baufallo ကို အပြစ်ပြုမိမှာစိုးတာကြောင့် သူ့ကို အမြန်ကြည့်လိုက်တော့ သူက ဘာမှဖြစ်တဲ့ပုံမပေါ်ပေ

ဧကရာဇ်က ပြန်ပြောလိုက်တယ်

"Sir Poliana မင်းက တခြားဌာနမှာ ပိုသင့်တော်တယ်လို့ ငါယုံတယ်. ဒါပေမဲ့ ငါမင်းကို အဲ့နေရာမှာ ချက်ချင်းနေရာချလိုက်ရင် ဘယ်သူမှ မင်းကိုလေးစားပြီးတော့ မင်းနောက်ကိုလိုက်မှာမဟုတ်ဘူး... Sir Bau ပြောခဲ့သလိုပဲ မင်းအခု ဘယ်လိုခေါင်းဆောင်ရမလဲဆိုတာ သင်ယူသင့်တယ်.. မင်းလူတွေက မင်းကိုကြောက်လို့မဟုတ်ပဲ သူတို့လိုလိုလားလားနဲ့ မင်းအမိန့်ကို နာခံအောင်လုပ်ပါ. ငါ့ကိုစိတ်မပျက်စေနဲ့"

"ကျွန်မ အကောင်းဆုံးကြိုးစားပါ့မယ် အရှင်"

"ငါကိုယ်တိုင်လဲ ကြိုးစားတဲ့လူမလို့ မင်းလိုမျိုး တခြားကြိုးစားတဲ့သူတွေကို ငါသဘောကျတယ်. ဟမ်... အခု ငါ့လေသံက အဘိုးကြီးလေသံပေါက်သွားလား? ဘာပဲဖြစ်ဖြစ် စစ်မှန်တဲ့ကြိုးစားအားထုတ်မှုက မင်းကို နေရာရစေလိမ့်မယ်.. မင်းအကောင်းဆုံးကြိုးစားအားထုတ်တာတောင် မင်းမရနိုင်တဲ့အရာတွေရှိတယ်ဆိုတာ ငါသိတယ်. ဒါပေမဲ့ မင်းလက်မလျော့လိုက်နဲ့.. ငါတော့အဲ့လိုထင်တာပဲ. မင်းဘဝမှာ အခွင့်အရေးတွေအများကြီးရလာလိမ့်မယ်... ပြီးတော့ မင်းရဲ့ကြိုးစားအားထုတ်မှုကြောင့် မင်းအတွက်သင့်တော့်တဲ့ ဆုလာဒ်တွေလဲ ရလာလိမ့်မယ်. အခုအချိန်မှာ အဲ့ဒီ့အခွင့်အရေးတွေနဲ့ လွဲချော်နိုင်ခဲ့ပေမဲ့ နောက်ထပ် အခွင့်အရေးတွေက ထပ်လာဦးမှာပဲ.. ဒါကြောင့် ဘယ်တော့မှ အရှုံးမပေးနဲ့"

Lucius ရဲ့စကားတွေက သူမနဲ့တကယ်သင့်လျော်တာကြောင့် Poliana က ကြက်သီးထသွားတယ်

မင်းအကောင်းဆုံးကြိုးစားတာတောင် မင်းမရနိုင်တဲ့အရာတွေရှိတယ်

ဒါပေမဲ့ နောက်ထပ်အခွင့်အရေးတွေက ထပ်လာဦးမှာပဲ....

မင်းဆက်ပြီးတော့ ကြိုးစားအားထုတ်နေရင် မင်းအတွက်သင့်တော့်တဲ့ ဆုလာဒ်တွေလဲ ရလာလိမ့်မယ်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now