အခန်း ၁၃၆

62 10 2
                                    

Poliana က သူတို့တပ်ဖွဲ့ရဲ့ တာဝန်အသစ်နဲ့ပတ်သက်ပြီး သူမလူတွေကိုရှင်းပြလိုက်တော့ ဒီလူတွေက သိသိသာသာကို စိတ်ပျက်သွားကြသည်. ဧကရာဇ်ကို ကာကွယ်ပေးရတာက ဒီလူငယ်တွေအတွက် ဂုဏ်ယူဝံ့ကြွားမှုတစ်ခုဖြစ်သည်. ဧကရာဇ်ရဲ့ဇနီးတွေအတွက် အမှုထမ်းရတာကလဲ ဂုဏ်ယူရမဲ့ကိစ္စဖြစ်ပေမဲ့ သူတို့က ဧကရီတော့မဟုတ်ပဲ ဧကရာဇ်ရဲ့ မိန်းမတွေကိုသာ ဖြစ်သည်. တကယ်လို့ ဧကရီအတွက် အမှုထမ်းရတယ်ဆိုရင်တောင်မှပဲ ဧကရာဇ်ကို ကာကွယ်ပေးရတာနဲ့ မတူညီပေ.

ဒီလူတွေရဲ့ စိတ်ပျက်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို သူတို့ရဲ့ ခေါင်းဆောင် Poliana က မြင်နိုင်သည်. ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ သူတို့က ဒီပြောင်းလဲမှုအတွက် သူမကိုတော့ အပြစ်မတင်ကြပေ. သူတို့က ဒီအပြောင်းအလဲကြောင့် Poliana ဘယ်လိုခံစားနေရမလဲဆိုတာကို တွေးပူနေကြသည်.

Poliana က ဧကရာဇ်နောက်ကို ဘဲပေါက်လေးတစ်ကောင်လို တကောက်ကောက်လိုက်ကာ သူ့ကို သူမရဲ့ဘုရားသခင်လိုမျိုး အမှုထမ်းခဲ့တာကို လူတိုင်းသိခဲ့ကြသည်. ဒါဆို ဘာတွေလုပ်ခဲ့လို့ ဒီလိုရာထူးချခံခဲ့ရတာလဲ?!

"ခေါင်းဆောင်, ခင်ဗျားအရက်တွေမူးပြီး ခွေးလိုသောင်းကျန်းခဲ့လို့လား?"

"အရှင့်ရှေ့မှာ အရူးလိုထပ်ပြီးသောင်းကျန်းခဲ့လို့လား ဟုတ်တယ်မလား?"

"..."

Poliana က သူမရဲ့ဒေါသတွေကို သူတို့ကို ထုတ်ပြလို့မရပေ. ဒီကိစ္စက တရားဝင်အကြောင်းပြချက်ဖြစ်လာမှာ ဖြစ်တာကြောင့် သူမက ငြိမ်နေလိုက်သည်. ဒီစိတ်ပျက်စရာကောင်းတဲ့ "တရားဝင်အကြောင်းပြချက်"ဆိုတာကို သေချာမသိသေးတာတောင်မှ သူမလူတွေက သူမ အရက်မူးပြီး တစ်ခုခုလုပ်ခဲ့လို့ဆိုပြီး အလိုအလျောက်ယူဆလိုက်ကြသည်.

'ဘာလို့ လူတိုင်းက ငါ့ကို အရက်မူးသမားလို့ထင်နေကြတာလဲ? ဒီကောင်စုတ်တွေကတော့'

ဒါက မတရားဘူး. သူမ ဧကရာဇ်ရှေ့မှာ အန်မိပြီးတဲ့နောက်ပိုင်းမှာ Poliana က သူမကိုယ်သူမ ဂရုစိုက်ခဲ့တဲ့အပြင် အလုပ်များနေတာကြောင့် သူမ အရက်မသောက်ဖြစ်တာတောင် ကြာနေပြီဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now