အခန်း ၁၁၁

70 12 0
                                    

Lady Bika က အံ့ဩသွားပုံရကာ တွေဝေသွားသည်.

"ရှင်? ကျွန်မ ဘာလုပ်မိလို့လဲ?"

"မင်းအခုနကပြောတာတွေက Sir Poliana အပေါ် ရိုင်းပြသလိုဖြစ်နေတယ်"

"ကျွန်မ ဘာပြောမိလို့လဲ? အို... ခဏလေး.. အိုးးးး မဟုတ်သေးဘူး!"

Lady Bika က သူမအမှားကို သတိပြုမလိုက်သည်. သူမက Poliana ဘက်လှည့်ကာ ရိုးသားစွာနဲ့ ရှင်းပြလာသည်. Poliana က ဒီလိုအပြုအမူမျိုးကို အသားကျနေပြီ. သူမဘယ်သွားသွား သူမက အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာကို လူတွေက မေ့နေကြပုံရသည်.

Lady Bika က စိတ်ရင်းနဲ့တောင်းပန်လိုက်သည်.

"အစ်မ ညီမကို အပြစ်ပြုမိဖို့ မရည်ရွယ်ပါဘူးနော်. Sir Poliana အစ်မတောင်းပန်ပါတယ်"

"ကျွန်မ စိတ်ထဲဘာမှမထားပါဘူး Lady Bika. အစ်မက အစ်မသမီးတွေကို ပြောနေတာပဲ ကျွန်မကို ပြောတာမှ မဟုတ်တာ"

"အစ်မ အရမ်းစိတ်လှုပ်ရှားနေတော့ အစ်မ သေချာ မစဉ်းစားလိုက်မိဘူးဖြစ်သွားတယ်.."

"ကျွန်မ နားလည်ပါတယ်. ဘာမှမဖြစ်ဘူး..."

"ညီမက အရမ်းကြင်နာပြီး ခွင့်လွှတ်ပေးတတ်တာပဲ."

"ဒါက အရှင့်ရဲ့ ကျေးဇူးကြောင့်ပါ"

စစ်သည်ကောင်းတစ်ယောက်က သူတို့ဧကရာဇ်ကို ချီးမြှောက်ပြောဆိုဖို့ မမေ့တတ်ကြပေ.


****

ညစာစားပြီး‌တော့ ခဏလောက်လမ်းလျှောက်ဖို့ Poliana ဆုံးဖြတ်လိုက်သည်. သူမက ဧည့်သည်ဆောင်ကို ပြန်နေတဲ့ Sir Howe နဲ့ Donau တို့နဲ့အတူ လမ်းလျှောက်နေသည်.

Sir Howe နဲ့ Poliana က သူတို့နားမှာ တခြားသူတွေ မရှိတော့တာလဲ သိရော သူတို့က Donau ကို ဆွဲကာ ကန်လိုက်ကြသည်. Donau က အော်ဟစ်နေပေမဲ့ Sir Howe နဲ့ Poliana ကတော့ သနားကြင်နာမှုမရှိခဲ့ပေ.

Poliana က အမွှာတွေဆီကရထားတဲ့ လက်ကိုင်ပုဝါနဲ့ Donau ပါးစပ်ကို ပိတ်လိုက်ကာ တိုးတိုးပြောလိုက်သည်.

"မင်းက တော်တော်လေးတုံးတာပဲ Donau!"

Sir Howe က ထပ်ပြောလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now