အခန်း ၃၃

95 18 2
                                    

"Aehas မှာ အထက်တန်းလွှာကလူတွေက စစ်မှုမထမ်းပဲနဲ့ သူတို့မိသားစုနာမည်နဲ့ စည်းစိမ်တွေကို အမွေဆက်ခံခွင့်မရှိဘူး"

"ဒါဆို အရှင့်ဆီကနေ နယ်မြေနည်းနည်းတောင်းလို့ရတာပဲ? ဘာလို့ ခင်ဗျားက သူ့နောက်လိုက်လာတာလဲ?"

"ငါက အရှင် Lucius ရဲ့ စစ်သည်တစ်ယောက်. ငါက မင်းလိုလူတစ်ယောက်ဆီကနေ ခွင့်ပြုချက်တောင်းစရာမလိုဘူး"

Poliana က သူမလက်မောင်းတွေကို ခေါင်းအုံးလိုက်တယ်.. 

ရုတ်တရက် သူမ တစ်ခုခုကို တွေးမိလိုက်တယ်.. သူမက Donau ကို ပြောလိုက်သည်

"ကြည့်ရတာ ငါမင်းကို ဒီလိုဆက်ဆံလို့ရတဲ့အချိန် သိပ်မကျန်တော့ဘူးထင်တယ်. မင်းက မကြာခင်မှာ စစ်သည်တစ်ယောက်ဖြစ်လာတော့မှာ. ပြီးတော့ မင်းမိသားစုကိုလဲ ဧကရာဇ်က သဘောကျတယ်. မင်းကို အရေးကြီးတဲ့နေရာမှာ ချက်ချင်းနေရာပေးလောက်တယ်. ငါ့ရဲ့အထက်လူကြီးတောင် ဖြစ်ရင်ဖြစ်နေဦးမှာ"

Poliana ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးက သူမထက်ပိုပြီးတော့ ရာထူးမြန်မြန်တိုးလေ့ရှိသည်. သူမထက် အသက်အများကြီးငယ်တဲ့သူတွေတောင်မှ သူမထက်ပိုပြီးတော့ မြင့်မားတဲ့ရာထူးနေရာတွေကို မြန်မြန်ရသွားကြသည် သူမကို တပ်စုမှူးခေါင်းဆောင်လို အရေးမပါတဲ့ရာထူးမျိုးပေးတာတောင် တချို့လူတွေက စိတ်တိုစွာနဲ့ ဆန့်ကျင်ကြသေးသည်

သူမနဲ့ တခြားလူတွေကြားမှာ စစ်မှန်တဲ့ ခင်မင်မှုဆိုတာ မရှိခဲ့ဘူး. ဒါပေမဲ့ တစ်ခါတစ်လေကျတော့ ထူးဆန်းစွာနဲ့ပဲ အဲ့လူတွေက သူမနောက်ကို လိုက်ကြသေးသည်.

ဥပမာ သူတို့ကို Acreian လူတွေ ဝိုင်းထားတဲ့အခါမျိုးပေါ့ အဲ့တုန်းက Aehas စစ်သားတွေက သူမနောက်ကို လိုက်ခဲ့ကြသည်. သူမတာဝန်ထမ်းဆောင်နေချိန်ကာလအတွင်း တစ်ခုသိခဲ့တာက လူတိုင်းက ရာနှုန်းပြည့်ကောင်းတာ မဟုတ်သလို ဆိုးတာလဲ မဟုတ်ဘူး. မကောင်းတဲ့လူတွေကလဲ တစ်ခါတစ်လေ ကောင်းကြတဲ့အခါမျိုးရှိတယ်

သူမ Sir Batre ကို သတိရလိုက်သည်. သူက မကောင်းတဲ့သူ ပြီးတော့ မုဒိန်းကောင်ဖြစ်ပေမဲ့ သူက စစ်နည်းဗျူဟာတွေနဲ့ ပတ်သက်ပြီးတော့ ထူးချွန်တာတော့ သူမဝန်ခံရမည်. သူကိုယ်တိုင်ဦးဆောင်ပြီးတော့ တိုက်တဲ့ တိုက်ပွဲတိုင်းက ရှုံးနိမ့်တယ်ဆိုတာ မရှိဘူး

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now