အခန်း ၁၉၁

42 7 0
                                    

Sir Bika ရဲ့မိဘတွေက Poliana ကို ဝမ်းသာအားရကြိုဆိုလိုက်သည်. သူတို့က သူမဝယ်လာတဲ့တန်ဖိုးကြီးလက်ဆောင်တွေအတွက် ကျေးဇူးတင်လိုက်သည်. Poliana က သူတို့နဲ့ အမျိုးမတော်ပေမဲ့ သူတို့ဆီကို အချိန်ပေးပြီး လာလည်တဲ့အတွက် သူတို့က ကျေးဇူးတင်နေကြသည်. ဒီစုံတွဲက သူမကို ခဏခဏကျေးဇူးတင်စကားပြောနေတဲ့အတွက် Poliana က စိတ်မသက်မသာဖြစ်လာသည်.

စစ်အတွင်းမှာ Sir Rabi က Sir Baufallo လိုပဲ သူမကို အများကြီးကူညီခဲ့တာကြောင့် သူမရဲ့အထက်အရာရှိအဟောင်းရဲ့မိဘတွေဆီကို သွားလည်တာက Poliana အတွက်တော့ အကောင်းဆုံးအကြောင်းပြချက်ဖြစ်သည်. သူမ Nanaba ကို စရောက်တဲ့အချိန်တုန်းက ဘယ်မှသွားစရာမရှိတဲ့ သူမကို သူ့အိမ်မှာ နေခွင့်ပေးခဲ့သေးသည်.

ပြီးတော့ Sir Donau က Poliana ရဲ့မွေးစားမောင်လေးဖြစ်ပြီး သူက Sir Rabi ရဲ့ သမီးနဲ့ လက်ထပ်လိုက်တာကြောင့် သူမနဲ့ Bika မိသားစုက မိသားစုတစ်ခုတည်းဖြစ်တယ်လို့ Poliana က ခံစားနေရသည်. သူမ Nanaba မှာ ရှိနေတဲ့အချိန်မှာ Sir Rabi ရဲ့မိဘတွေဆီကို သွားလည်တာက သူမရဲ့တာဝန်ဖြစ်တယ်လို့ Poliana က ယူဆခဲ့သည်.

Poliana က မေးလိုက်သည်.

"ခင်ဗျားတို့ သားနဲ့ မြေးတွေရော မရှိတော့ အထီးမကျန်ဘူးလား?"

"ငါတို့ အဆင်ပြေပါတယ်. ငါတို့ဆီကိုလာလည်တဲ့ ဆွေမျိုးတွေအများကြီးပဲလေ. ငါတို့မှာ ဧည့်သည်တောင် မပြတ်ဘူး"

"ကျွန်မ အရင်တည်းက လာလည်သင့်တာ. ပြီးတော့ Sir Rabi ထက်စာရင် ကျွန်မနေတဲ့ နေရာက ပိုနီးနေတာကို.. ကျွန်မရဲ့ ရိုင်းပြမှုအတွက်တောင်းပန်ပါတယ်"

"မဟုတ်တာပဲ. မင်းမှာ အရမ်းအရေးကြီးတဲ့အလုပ်တွေရှိနေတာဆိုတော့ မင်းနေရာကနေ အလွယ်တကူထွက်လာလို့မရဘူးဆိုတာကို ငါနားလည်ပါတယ်"

ရုတ်တရက် Lady Bika က Poliana ကို မေးလိုက်သည်.

"ဒါနဲ့ မင်းလုံးဝလက်မထပ်တော့ဘူးလား?"

Poliana က တိတ်တဆိတ်တွေးလိုက်သည်.

'ကဲ... စလာပြန်ပြီ'

သူမက အဆုံးမရှိ နားပူနားဆာလုပ်ခံရတော့မယ်ဆိုတာကို သိလိုက်သည်. သူမလုပ်ဖို့လိုတာက ခေါင်းငြိမ့်ပြီးတော့ နားထောင်ဖို့သာဖြစ်ပေမဲ့ အဲ့လိုလုပ်ဖို့ စဉ်းစားမိတာနဲ့တင် သူမ စိတ်ရှုပ်လာသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now