အခန်း ၁၃၉

62 7 2
                                    

Poliana က လုံးဝမလှဘူးဆိုတာကို လူတိုင်းက ဝန်ခံထားပြီး သူမကိုယ်တိုင်ကလဲ တခြားသူတွေထက်ပိုသိသည်. ဒါကြောင့် တစ်ယောက်ယောက်က သူမရဲ့ အသွင်အပြင်နဲ့ ပတ်သက်ပြီး ချီးမွှမ်းလာတိုင်း Poliana က ဟာသ ဒါမှမဟုတ် စော်ကားပြောဆိုတယ်လို့ပဲ သတ်မှတ်သည်.

ပထမဆုံး သူမလုပ်လိုက်တာက Frau ရဲ့အမြင်အာရုံက ကောင်းရဲ့လားဆိုပြီး စစ်ဆေးကြည့်လိုက်တာဖြစ်သည်. သူက ကန်းနေတာ ဒါမှမဟုတ် အမြင်အာရုံပျက်စီးနေတာမဟုတ်ရင်တော့ သူမအပေါ် အခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့ ကြောက်စရာကောင်းတဲ့ လူလိမ်တစ်ယောက်ပဲဖြစ်ရမည်. ပြီးတော့ သူမက ကောလဟာတွေလိုမဟုတ်ပဲ ပိုကြည့်ကောင်းတယ်လို့ Frau က ပြောခဲ့သည်. သူမနဲ့ပတ်သက်ပြီး သတင်းတွေအများကြီးရှိကာ တစ်ချို့ကတော့ သူမက မကောင်းဆိုးဝါးနဲ့ တူတယ်ဆိုပြီးတော့ ပြောထားကြသည်. တကယ်လို့ သူက သူမကို မကောင်းဆိုးဝါးနဲ့ မတူတာကြောင့် ဒီမကောင်းတဲ့သတင်းတွေထက် သူမက အများကြီး ကြည့်ကောင်းတယ်လို့ ဆိုလိုတာဆိုရင်တော့ သူလိမ်နေတာမဟုတ်ဘူးလို့ Poliana က ယူဆရမည်

Poliana က ဒီလူရဲ့ အမူအရာကို လေ့လာလိုက်သည်. သူက ကြင်နာတတ်တဲ့အရိပ်အရောင်ရှိနေတာကို သူ့မျက်နှာမှာ မြင်နေရသေးတာကြောင့် သူမစိတ်က အနည်းငယ်တည်ငြိမ်သွားသည်.

Frau ရဲ့ စကားတွေကို စော်ကားပြောဆိုတာပဲလို့ Poliana က ယူဆလိုက်မှာစိုးတာကြောင့် Baron Redikal က ရှင်းပြလာသည်.


"Marquess Winter, ဒီလူငယ်လေးက လိမ်ညာပြီးပြောနေတာမဟုတ်သလို အကြောင်းမဲ့ မြှောက်ပင့်ပြောနေတာလဲ မဟုတ်ပါဘူး. သူက မင်းရဲ့အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောနေတာကို ငါ အများကြီး ကြားဖူးတယ်. တစ်နေ့နေ့မှာ မင်းကို တွေ့ခွင့်ရဖို့ ဆန္ဒရှိနေတာကိုလဲ ငါ့ကို ခဏခဏပြောဖူးတယ်"

နာမည်ကြီးတဲ့ စစ်သည်တွေကို သူတို့ရဲ့ ပရိတ်သတ်တွေက တွေ့ချင်တတ်ကြတာက ဖြစ်နေကြဖြစ်သည်. မာနကြီးတဲ့လူလို့ မထင်ရအောင်လို့ Poliana က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်.

"ဟမ်.. ကောင်းပြီ. နောက်တစ်ခါ မင်းစကားမပြောခင်မှာသာ သေချာ စဉ်းစားပြီးမှပြော"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now