အခန်း ၎

149 27 3
                                    

မနက်ခင်းတစ်ခုမှာတော့ Poliana က သူမ ရေမချိုးပဲအိပ်ယာဝင်လိုက်တာကို သူမမိထွေးက ပြောဆိုကြိမ်းဝါးနေတာကြောင့် အိပ်ယာကနေ နိုးလာခဲ့တယ်

သူမက ဧည့်သည်တွေအတွက်ပြင်ထားတဲ့ အခန်းတစ်ခုထဲ ဝင်အိပ်နေတာ. သူမမိထွေးကတော့ Poliana က အဲ့အခန်းကိုဖျက်ဆီးနေတာဆိုပြီးတော့ ပြောဆိုနေတယ်

Poliana က မနက်စာစားဖို့ အောက်ထပ်ဆင်းလိုက်ချိန်မှာ သူမ ချိုအီတဲ့အနံ့တစ်ခုရလိုက်တယ်.. အဲ့တာ စားစရာမဟုတ်ဘူး. ရေမွှေးနံ့ဖြစ်တယ်

သူမ မော့ကြည့်လိုက်တော့ အရုပ်တစ်ရုပ်နဲ့တူတဲ့ သူမညီမ Liana ကို လှေကားထိပ်မှာ တွေ့လိုက်တယ် သူမမျက်နှာမှာ မနှစ်မြို့မှုနဲ့ မုန်းတီးမှုတွေကို သူမ တွေ့လိုက်ရတယ်

Liana က လှေကားကနေ ဖြေးဖြေးချင်းဆင်းလာတယ် သူမရဲ့ပိုးသားတွေလို ဆံနွယ်ရှည်တွေက သူမ ဘေးနားမှာ ကခုန်နေသလိုမျိုးပဲ..

Poliana က သူမရဲ့ လှပလွန်းတဲ့ ညီမကို ငေးကြည့်နေလိုက်တယ်

ဒီခြောက်နှစ်အတွင်းမှာ Liana က လုံးဝကို လှပတဲ့အမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတာကိုတော့ သူမ ဝန်ခံရမည်..

သူမက အမျိုးသမီးတစ်ယောက်ဟာ ဒီလိုဖြစ်သင့်တာဆိုတဲ့ စံပြပုံစံအတိုင်းဖြစ်လာသည်..

Liana ရဲ့ စိတ်ဝင်စားမှုကို ရဖို့ ယောက်ျားလေးတွေက အချင်းချင်းတိုက်ခိုက်လာနိုင်တာကို Poliana က မှန်းဆကြည့်လို့ရနေသည်..

Liana က Poliana ကို ခပ်ပြတ်ပြတ်ပြောလိုက်တယ်

"နင်ဘာဖြစ်နေတာလဲ? ဘာလို့ စိတ်ပျက်စရာကောင်းအောင် လာကြည့်နေတာလဲ?

Liana က သူမ နှာခေါင်းကို ညှစ်လိုက်ပြီးတော့ Poliana ကတော့ သူမကိုယ်ကို တွန့်လိုက်တယ်.

ချွေးတွေ, သွေးတွေ, ဖုန်တွေ, အမှိုက်တွေ, ကျင်ငယ်တွေ နဲ့ ရေမချိုး မဆေးကြောထားတဲ့ ခန္ဓာကိုယ် နဲ့ အဝတ်အစားတွေ

သေခြင်းတရားရဲ့အငွေ့အသက်တွေ

Poliana က ပခုံးတွန့်လိုက်တယ်.. သူမက ခါတိုင်းထက်ပိုပြီး ဘာမှ ထူးခြားတဲ့အနံ့မရသလိုမျိုးပဲ.. Liana ကတော့ စိတ်ဆိုးနေတုန်းပဲ

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now