အခန်း ၁၃၇

71 10 4
                                    

"အင်း.... ဧကရီ..."

Lucius ရဲ့ မျက်နှာက မဲလာကာ သူက ဒီကိစ္စနဲ့ ပတ်သက်ပြီး မပျော်ရွှင်တာ အသိသာကြီးဖြစ်နေသည်. Sir Ainno က သူ့ပါးစပ်ကို ဖုံးလိုက်ကာ မရယ်မိအောင် ကြိုးစားနေသည်. Sir Bentier က Sir Ainno ရဲ့ အမူအရာတွေ့လိုက်တော့ စိတ်ပူသွားကာ သူက ဧကရာဇ်ကို မေးလိုက်သည်.

"အရှင် Sir Ainno က ဘာဖြစ်နေတာလဲ?"

"Inno က သိပ်မရင့်ကျက်သေးတာ ကြည့်ရတာ သူ့စိတ်တွေလဲ လွတ်နေတဲ့ပုံပဲ"

"Sir Ainno က အခုတလော ထူးဆန်းနေတယ်လို့ Sir Poliana က ကျွန်တော့်ကိုပြောဖူးသေးတယ်. ကြည့်ရတာ သူမပြောတာ မှန်တဲ့ပုံပဲ"

"အင်း.. Inno က Sir Pol ရှိရင် ပိုပြီးတော့ ထူးထူးဆန်းဆန်းလုပ်တတ်တာတော့ ငါသိတယ်. ဘာပဲဖြစ်ဖြစ်ပါ ဧကရီနဲ့ ပတ်သက်ပြီးတော့က.."

Lucius က သူ့နဖူးကို ပွတ်လိုက်သည်. အလုပ်တွေများပြီး အိပ်ရေးပျက်ခြင်းရဲ့ ရလဒ်တွေကို သူမြင်နေရပြီ. သူ့နဖူးမှာ အရေးအကြောင်းတွေ သိသိသာသာပေါ်လာတာက စိတ်ပူစရာဖြစ်နေပြီ.

ဧကရာဇ်က ဆက်ပြောလိုက်သည်.

"ဘယ်သူက ဧကရီဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်လိုက်ရင် ပြဿနာတွေရှိလာနိုင်တယ်. ငါ့အတွက် အမွေဆက်ခံသူ မွေးပေးနိုင်တဲ့သူကိုပဲ ဧကရီအဖြစ်ထားရအောင်"

"ဒါက အမျိုးသမီးတွေကြားမှာ မလိုလားအပ်တဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ မနာလိုမုန်းတီးမှုတွေ ဖြစ်လာနိုင်တယ် အရှင်"

"မိန်းမ ၃ ယောက်ပဲဟာ သူတို့အချင်းချင်းဘယ်လောက်ထိခိုက်အောင် လုပ်နိုင်မှာ မို့လို့လဲ? အဲ့တာ အဆင်ပြေမှာပါ"

Sir Bentier က ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်. သူတို့ဆွေးနွေးတာပြီးသွားတော့ Sir Bentier က အမျိုးသမီး ၃ ယောက်ရဲ့ ပုံတူတွေကို ထားခဲ့ကာ အခန်းထဲကနေ ထွက်သွားခဲ့သည်. Sir Ainno ကတော့ ထွက်မသွားခဲ့ပေ. သူက ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်နေပြီး ရဲတိုက်အပြင်ဘက်မှာ ကိုယ်ရံတော်တွေ ကင်းလှည့်နေတာကို ကြည့်နေလိုက်သည်. အိပ်မပျော်သေးတဲ့ Lucius ကတော့ သူ့စားပွဲခုံမှာ အလုပ်ဆက်လုပ်နေသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now