အခန်း ၈၆

83 13 0
                                    

Thump, Thump.

ဧကရာဇ်ရဲ့ နှလုံးက ကျယ်လောင်စွာနဲ့ အသံမြည်ကာ ခုန်ပေါက်နေသည်. Lucius က သူ့နှလုံးသားနာကျင်လာတာကို ခံစားမိကာ မျက်လုံးမှိတ်လိုက်သည်. သူရဲ့လှပတဲမျက်နှာမှာ စိတ်ပူပင်မှုတွေ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေသည်

Sitrin ရဲ့ သခင်အဟောင်းက တပ်မက်မှုကြီးတဲ့သူဖြစ်သည်. ရေပူစမ်းက ရဲတိုက်ကနေ သိပ်မဝေးတာတောင် သူက သူ့ရဲတိုက်ထဲ ရေရောက်အောင်လို့ ငွေကြေးအကုန်အကျခံကာ ရေမြောင်းတူးခဲ့သေးသည်. ပြီးတော့ ဒီရေတွေကို အပူပြန်ပေးဖို့နဲ့ သူဇိမ်ခံဖို့ ရေချိုးကန်တွေကို ဆောက်လုပ်ထားခဲ့သည်. ဒီလိုဆောက်လုပ်ဖို့က ငွေအတော်ကုန်ကျမှာဖြစ်သည်.

သူနားလည်ရသလောက် ဒီလိုဆောက်လုပ်ဖို့က အချိန်ကြာမြင့်ပြီး ကြည့်ရတာ ဆောက်ပြီးတာ သိပ်မကြာသေးပေ. ပြီးတော့ အရင်ပိုင်ရှင်က သူ့ရဲ့ဖန်တီးမှုကို မပျော်ရွှင်လိုက်ရပဲ သေသွားခဲ့သည်.

စိတ်မကောင်းစရာပဲ.

အခု Lucius က တိုင်းပြည်တွေအားလုံးရဲ့ အုပ်ချုပ်သူဖြစ်လာတော့ သူက ဒီရေပူစမ်းမှာ ပျော်ရွှင်စွာအချိန်ဖြန်းနေပြီး. အနာဂါတ်မှာတော့ Poliana က Sitrin ရဲ့ အရှင်သခင်အသစ်ဖြစ်လာမှာ ဖြစ်သည်.

အခုလောလောဆယ်တော့ ဧကရာဇ်က ဒီရေချိုးကန်ထဲမှာ တစ်ယောက်တည်းရေစိမ်နေသည်. ရေကျနေတဲ့အသံကလွဲလို့ အခန်းထဲမှာ တိတ်ဆိတ်နေသည်. သူ့ပတ်ပတ်လည်က ရေလှိုင်းတွေကို Lucius က ကြည့်နေလိုက်သည်

Thump, thump

သူ့နှလုံးခုန်သံက သူ့ခေါင်းထဲအထိ ရောက်လာတာကြောင့် သူက ခေါင်းခါလိုက်သည်.

ကျေးဇူးပြုပြီးတော့... အဲ့တာ အချစ်မဖြစ်ပါစေနဲ့...

Lucius က တော်တော်လေးစိတ်ပူနေသည်. ဒါ အချစ်ဖြစ်လို့ မရဘူး.. ဒီပြင်းထန်တဲ့ စိတ်ခံစားချက်က ဒီတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်လိုက်လို့ ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုပဲဖြစ်ရမှာ.. ဒီခံစားချက်က သူ့ညတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလိုက်ရလို့ ဖြစ်လာတဲ့ ခံစားချက်ပဲ ဖြစ်ရမှာ ဒီခံစားချက်က သူအမျိုးသမီးတစ်ယောက်နဲ့အတူရှိနေတုန်းမှာပဲ ဖြစ်ရမှာ..

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now