အခန်း ၈

144 27 9
                                    

သူ့ရဲ့ မမျှော်လင့်ထားတဲ့ ရိုင်းပြတဲ့ မေးခွန်းကြောင့် Poliana တုန်လှုပ်သွားတယ်.

သူမရဲ့ လိင်အမျိုးအစားကို ဖုံးကွယ်ထားဖို့ မလိုတော့တာကြောင့် သူမက ပုံမှန်အသံနဲ့ ပြန်ဖြေလိုက်တယ်

"ခင်ဗျားမေးခွန်းက ဘာလဲဆိုတာ ငါနားမလည်ဘူး. ငါ့ကို သတ်လိုက်ပါ"

စစ်ထဲရောက်တဲ့ မိန်းကလေးတွေကို အပျိုလား မေးတာ နိုင်ငံတိုင်းရဲ့ ရိုးရာတစ်ခုလား?

သူမကို အနိုင်ကျင့်စော်ကားခဲ့ပေမဲ့ Sir Batre က သူမကို အပျိုရည်မပျက်စေခဲ့ဘူးဆိုတာ သူမ မှတ်မိသွားသည် သူမ ဒေါသတကြီးနဲ့ အံကြိတ်နေတုန်းမှာပဲ ဘုရင်က သူမဆီကို လျှောက်လာပြီးတော့ ရှင်းပြလာသည်

"Acreia မှာ ဆိုရိုးတစ်ခုရှိတယ် တကယ်လို့ အမျိုးသမီးတစ်ယောက်က အပျိုစင်အဖြစ်နဲ့ သေဆုံးသွားရင် သူမက ငါတို့ကို အမြဲတမ်းခြောက်လှန့်နေပြီးတော့ ငါတို့ရဲ့ ဆောင်းရာသီက ရာသီဥတုဆိုးရွာလာလိမ့်မယ်. .. ငါက အခုမှ ငါ့ရဲ့ပထမဆုံးအောင်ပွဲကို ရထားတာ. အပျိုစင်သရဲက ငါတို့ကို ခြောက်လှန့်ပြီးတော့ ဒီအောင်မြင်မှုကို ဖျက်စီးပစ်မှာ ငါမလိုချင်ဘူး.

တကယ်လို့ မင်းက ကြည့်ကောင်းတဲ့ မိန်းကလေးဆိုရင်တော့ ငါ မဟုတ်ရင်တောင် ငါ့စစ်သည်တွေထဲက တစ်ယောက်ယောက်က မင်းကို မသတ်ခင် ယူကောင်းယူမလို့ပဲ.. ဒါပေမဲ့..."

သူက သူ့ကိုကြောက်လန့်တကြားကြည့်နေတဲ့ Poliana ကို သေချာကြည့်လိုက်တယ်.

"မင်း ပုံစံက တော်တော်လေးသည်းခံဖို့ ခဲယဉ်းတာပဲ. Acreia က ချောမောလှပတဲ့သူတွေစုနေတာလို့ နာမည်ကြီးနေတဲ့အချိန်မှာ မင်းမျက်နှာကလဲ လက်ခံနိုင်စရာမရှိဘူး"

'ဒီချစ်စရာကောင်းတဲ့ကောင်လေးက ဘာတွေပြောနေတာလဲ?'

Poliana က ထိတ်လန့်တကြားပြန်ပြောလိုက်တယ်

"ငါ.. ငါက အပျိုလို့ ဘယ်သူပြောလဲ?"

"အင်း...... မင်းမျက်နှာမျိုးနဲ့ သေချာတာပေါ့. မင်းက အပျိုပဲ ဖြစ်ရမယ်"

သူ့စကားနဲ့တိုက်ခိုက်မှုက ထိရောက်တယ်လို့ပြောရမယ်. Poliana က သူမထိတ်လန့်နေတာကို မနည်းပျောက်အောင် လုပ်လိုက်ရတယ်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now