အခန်း ၃

173 33 0
                                    

တပ်ထဲကို ဆွဲခေါ်သွားခြင်းခံရတဲ့ သာမာန်လူတန်းစားက လူငယ်တွေရဲ့ ရာထူးက နိမ့်တယ်.

အရင်တုန်းက ဘယ်အထက်တန်းက လူမဆို စစ်ထဲဝင်တာနဲ့ အရာရှိအဆင့် စစ်သည်အဖြစ် ရာထူပေးခြင်းခံရတယ်

ဒါပေမဲ့ ဥပဒေက ပြောင်းထားတာ သိပ်မကြာသေးဘူး.

အနည်းဆုံးတိုက်ပွဲ ၃ ခုမှာပါဝင်ပြီးတော့ အသက်ရှင်သန်နိုင်မှသာ အရာရှိစစ်သည်အဖြစ် သတ်မှတ်ပေးခံရမှာဖြစ်တယ်.

တိုက်ပွဲ ၃ ခု...

ဒီလိုပြောင်းလဲမှုက တိုင်းပြည်ရဲ့ စစ်အသုံးစရိတ်ကို လျော့နည်းသွားစေတယ်.

Aehas ရဲ့မှတ်တမ်းတွေအရ တိုက်ပွဲအတွင်းမှာ အသတ်ခံရတာနဲ့ အဖမ်းခံရတဲ့ အထက်တန်းလွှာက မျိုးနွယ်တွေအတွက် လျော်ကြေးပေးရတာက သာမာန်လူတန်းစားတွေထက် ပိုများတယ်

Poliana က သူမနာမည်ကို ပြောလိုက်တယ်.

"Cranbell နဲ့ Sir Bassette တို့ရဲ့ အမျိုးအနွယ် Poliana Cranbell"

Poliana ကို နေရာချပေးတဲ့နေရာက တောင်ခြေတစ်ခုနားမှာ တည်ရှိတယ်.. အဲ့နေရာနားနယ်မြေတစ်ဝိုက်ကို ရန်သူတွေက အသုံးပြုလေ့ရှိတာကြောင့်

အဲ့တောင်ခြေက Aehas တိုင်းပြည်က ထိန်းချုပ်ထားတဲ့နေရာတွေထဲက အန္တာရယ်အများဆုံးနေရာတစ်ခုထဲမှာ ပါဝင်သည်.

တိုက်ပွဲမှတ်တမ်းတွေအရ ဒီတောင်ခြေက လူအသေအပျောက်အများဆုံးနေရာလဲ ဖြစ်တယ်

အထက်တန်းလွှာကနေ စစ်ထဲရောက်လာတဲ့ စစ်သည်တွေက သူတို့ ဒီနေရာကို မရောက်အောင် လာဘ်ထိုးတတ်ကြပေမဲ့

Poliana နဲ့ တခြားကံဆိုးသူတွေကတော့ ဒီတောင်ခြေစခန်းကို ရောက်လာခဲ့သည်

အရာရှိစစ်သည်ဖြစ်လာဖို့ တိုက်ပွဲ ၃ ခု

သူတို့တပ်မှူးက အသစ်ဝင်လာတဲ့ စစ်သားတွေကို စူးရှတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်. ကောင်လေးတွေနဲ့ Poliana က သူတို့တပ်မှူးသဘောကျအောင်လို့ ခပ်မတ်မတ်ရပ်နေကြတယ်

တပ်သားသစ်တွေကို တိုက်ရိုက်အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးမှူးက စည်းမျဉ်းစည်းကမ်းတွေကို ကြေငြာနေတုန်းမှာပဲ နောက်ထပ် တပ်မှူးတစ်ယောက်ကတော့ တပ်သားသစ်တွေကို သေချာစစ်ဆေးနေသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now