အခန်း ၁၃၄

75 10 5
                                    

Sir Ainno ခေါင်းဆောင်တဲ့ ပထမတပ်ခွဲမှာတော့ သူကိုယ်တိုင်ရွေးချယ်ထားတဲ့ လက်ရွေးစင်တွေပါဝင်သည်. သူက ဒီလူတွေရဲ့အရည်အချင်းတစ်ခုတည်းကိုသာကြည့်ပြီး ရွေးချယ်ထားတာ ဖြစ်သည်. တခြားသာမာန်အရည်အချင်းတွေဖြစ်တဲ့ လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး, မိသားစုနောက်ခံနဲ့ အဆင့်အတန်းတွေကို Sir Ainno က ထည့်မစဉ်းစားထားပေ. ဒါကြောင့် ပထမတပ်ခွဲက လူတွေက အရမ်းတော်တဲ့ တိုက်ခိုက်ရေးသမားတွေဖြစ်ကြပေမဲ့ သူတို့မှာ ကြောက်စရာကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိကြသည်. ဒါက Sir Mahogal ရဲ့ဘဝကို ငရဲကျနေသလို ဖြစ်နေစေသည်.

Poliana စိတ်ဝင်စားသွားတာက Sir Ainno ရွေးထားတဲ့ ဒီလူတွေက သူ့လိုလူမျိုးတွေချည်းပဲဖြစ်နေတာကြောင့်ဖြစ်သည်.

လုံးဝကျက်သရေမရှိတဲ့ကောင်တွေ....

အထူးတပ်ဖွဲ့ကို တရားဝင်မိတ်ဆက်ကြေငြာတဲ့နေ့မှာတော့ Lucius က သူ့သူငယ်ချင်းကို ဂုဏ်ပြုရင်း ပျော်ရွှင်စွာနဲ့ ပြုံးနေသည်. ဧကရာဇ်က Sir Ainno အတွက် ဆုမွန်ကောင်း တောင်းပေးနေပေမဲ့ အထူးတပ်ဖွဲ့အတွက် အမှတ်တံဆိပ်သားကောင်ကိုလဲတွေ့ရော ဧကရာဇ်ရဲ့အပြုံးတွေက ပျောက်ကွယ်သွားသည်.

အထူးတပ်ဖွဲ့ရဲ့ အမှတ်တံဆိပ်သားကောင်က သစ္စာရှိမှုနဲ့ သတ္တိရှိမှုကို ဖော်ပြတဲ့ ခွေးတစ်ကောင်ဖြစ်ရမှာဖြစ်သည်. ဧကရာဇ်က အမွှေးပွပွနဲ့ ချစ်စရာကောင်းတဲ့ ခွေးတစ်ကောင်ကို မြင်ရဖို့ မျှော်လင့်ထားပေမဲ့ အဲ့အစား သူတွေ့လိုက်တာက ပုတ်သင်ညိုတစ်ကောင်!! Lucius က သူဘာမြင်လိုက်လဲဆိုတာကို မယုံနိုင်ပေ. သူ့သူငယ်ချင်းက သူ့ကို သစ္စာဖောက်ပြီးတော့ အထိမ်းအမှတ်သားကောင်ကို ဒီစိတ်ပျက်စရာကောင်းတဲ့ ပုတ်သင်ညိုအဖြစ် ပြောင်းလိုက်တာလား?

"ခွေးက ဘယ်မှာလဲ?"

Lucius ကကြောက်လန့်လာပြီး တုန့်ဆိုင်းသွားသည်. ပုတ်သင်ညိုက စိတ်ပျက်စရာကောင်းလောက်အောင် ကြီးမားနေသည်. ဧကရာဇ်က အဲ့တာက မိချောင်းသားပေါက်များဖြစ်မလားဆိုပြီး သိချင်သွားသည်. ရုတ်တရက် တိရစ္ဆာန်ကောင်က မော့ကြည့်လာတော့ ခွေးတစ်ကောင်ရဲ့ မျက်နှာက ပေါ်ထွက်လာသည်. ဧကရာဇ်က အထိတ်တလန့် ဖြစ်သွားတော့တယ်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now