အခန်း ၂၅

111 21 0
                                    

Acreian စစ်သားတွေက အခုတော့ လက်သမားတွေဖြစ်သွားကြသည် သူတို့က စစ်သားတွေဖြစ်ပေမဲ့ သူတို့အထက်လူကြီးက အမိန့်ပေးလာတဲ့အခါမှာတော့ သူတို့က နာခံလိုက်ရတယ် လူတွေက ဂေါ်ပြားတွေ, တူတွေ, သံတွေကို ကိုင်လိုက်ကြတယ်

သူတို့လိုအပ်တွေက သူတို့ဆီမှာ အဆင်သင့် မရှိဘူးဆိုရင် သူတို့ အနီးနားမြို့တွေကို သွားဝယ်ရတာပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင်ရအောင် လုပ်ရတာပဲဖြစ်ဖြစ် လုပ်နေကြသည်..

ဥပမာအနေနဲ့က လောက်လွှဲတွေဖြစ်သည်

Acreian က တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ဖို့ စီစဉ်ထားတာကြောင့် သူတို့က လောက်လွှဲလိုမျိုး အရာတွေကို သယ်မလာကြဘူး. Lucius က ရဲတိုက်ကြီးတွေရှိတဲ့ တိုင်းပြည်တွေကို သိမ်းပြီးရင်တော့ လောက်လွှဲတွေကို ရနိုင်လောက်မယ်လို့ ထင်ထားခဲ့သည် ဒါပေမဲ့ သူတွက်တာ မှားသွားခဲ့သည်

အသစ်တည်ဆောက်ထားတဲ့ လောက်လွှဲတွေကလဲ ချက်ချင်း ကျောက်တုံးအကြီးတွေသုံးကာ ပစ်လို့မရသေးပေ. ပြီးတော့ Bebero တွေဆီမှာရှိတဲ့ လောက်လွှဲတွေကလဲ သူတို့နဲ့ တူညီတဲ့ ပြဿနာရှိနေသည်

ပြီးတော့ လောက်လွှဲတွေမှာ သုံးဖို့ ကျောက်တုံးကြီးတွေရှာဖို့ နဲ့ လောက်လွှဲတွေဆီကို ပို့ပေးဖို့ကလဲ ပြဿနာတစ်ရပ်ဖြစ်သည်

စစ်ပွဲတွေမဖြစ်ခင်ကတော့ မြစ်ကမ်းတစ်လျှောက်မှာ ဆိပ်ကမ်းအနည်းငယ်ရှိခဲ့ပေမဲ့ အခုတော့ အဲ့ဆိပ်ကမ်းတွေက ပျက်စီးနေကြပြီ, ဆိပ်ကမ်းအသစ်ဆောက်လို့ရပေမဲ့ Bebero ဘက်ကနေ လောက်လွှဲတွေနဲ့ ပစ်လာနိုင်တာကြောင့် အခုအချိန်မှာ ဆိပ်ကမ်း အသစ်ဆောက်လုပ်ခြင်းမရှိသေးချေ

Acreian ဘက်မှာက သစ်တွေမလောက်တော့ဘူး. ဒါကြောင့် သူတို့က မလိုအပ်ပဲ မသုံးချင်ကြဘူး

မြစ်ကမ်းနားက အခြေစိုက်စခန်းက Poliana ရဲ့ ထောက်ပံ့ရေးတပ်ခွဲကနေ တစ်ရက်လောက် လမ်းလျှောက်သွားရတဲ့ အကွာအဝေးမှာရှိသည် Sir Bauffalo ရဲ့ခွင့်ပြုချက်နဲ့ Poliana က Koemong မြစ်ကမ်းနားကို သွားလိုက်သည်

Acreian စစ်သားတွေက မြစ်ကမ်းနားမှာ ရပ်နေကြတာကို Poliana တွေ့လိုက်ရသည်. လေငြိမ်သွားတဲ့အချိန်မှာ စစ်သားတစ်ယောက်က မြစ်တစ်ခြမ်းဘက်ကို မြှားပစ်လိုက်သည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now