အခန်း ၁၃

128 23 0
                                    

Aehas ရဲ့ ပလ္လင်ထက်မှာ ထိုင်နေရင်းနဲ့ Lucius က စာရွက်တွေကို ဖတ်နေတယ်.
နန်းတော်ထဲမှာရှိတဲ့ အကူတွေနဲ့ အမျိုးသမီးအစေခံတွေက သူတို့ရဲ့ ငယ်ရွယ်ချောမောတဲ့ အုပ်ချုပ်သူအသစ်ကို ကြည့်ရင်း ရှက်သွေးဖြာနေကြသည်

Aehas နဲ့ Kukda ဘုရင်တွေက သူတို့သမီးတွေကို Lucius နဲ့ လက်ထပ်ဖို့အတွက် ကမ်းလှမ်းလာကြသည်. Lucius က အမျိုးသမီးတွေကို ဘယ်တော့မှ မငြင်းဆန်ဘူး.

ဒါပေမဲ့ ဒီတိုက်ကြီးတစ်ခုလုံးမှာ ကလေကချေ (တရားမဝင်သားသမီး) တွေပျံနှံ့စေဖို့လဲ အစီအစဉ်မရှိဘူး. သူက ဧကရာဇ်တစ်ပါးဖြစ်တာကြောင့် သာမန်အမျိုးသမီးတွေနဲ့ မအိပ်ဘူး

အထက်တန်းလွှာကနေမွေးဖွားလာပြီး ကိုယ့်နေရာကိုယ်သိတဲ့ အမျိုးသမီးတွေကပဲ သူ့ရဲ့အိပ်ယာကို နွေးထွေးစေဖို့ ဂုဏ်ပြုခွင့်ကို ရနိုင်တာဖြစ်သည်

လက်တွေ့ကျကျပြောရရင်,

သူ့အနေနဲ့ သူသိမ်းပိုက်ခဲ့တဲ့ နိုင်ငံတွေက မင်းသမီးတွေကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ခွင့်ရှိသည်.

ဒါပေမဲ့ ဒီအမျိုးသမီးတွေက သူ့ကို အချိန်မရွေး ဆန့်ကျင်လာနိုင်တာကိုတော့ သူကြောက်သည်

သူတို့တွေက သူတို့တိုင်းပြည်ရဲ့ ဘုရင်အဟောင်းဖြစ်တဲ့ သူတို့ဖခင်တွေအတွက်လဲ သူလျှိုအဖြစ် လုပ်လာနိုင်သည်

Lucius က သူလုပ်ချင်တာတွေ မပြီးမချင်း လက်ထပ်ဖို့နဲ့ ကိုယ်လုပ်တော်တွေထားဖို့ကို မေ့ထားရန် အစောကြီးထဲက ဆုံးဖြတ်ထားပြီးသားဖြစ်သည်. ဧကရာဇ်ရဲ့ အနီးကပ်ဆုံးနဲ့ အကောင်းဆုံး သူရဲကောင်းဖြစ်တဲ့ Sir Ainno တူညီတဲ့ ဆုံးဖြတ်ချက်ချထားသည်

"အရှင်"

"အင်း.. ဘာလဲ Ainno?"

"ဟိုကောင်မလေးက ကျွန်တော်တို့အတွက် အသုံးမဝင်တော့ဘူး. အရှင့်အနေနဲ့ သူမကို ဆုချပြီးတော့ နှုတ်ထွက်ခိုင်းလိုက်တာ အကောင်းဆုံးပဲ. သူမအနေနဲ့ ကျေနပ်တာထက်ပိုလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်"

Lucius က စာဖတ်နေတာကို ရပ်လိုက်ပြီးတော့ ရေရွတ်လိုက်သည်

"ဟမ်.... သင့်တော်တဲ့ဆု...."

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now