အခန်း ၁၅၅

62 5 0
                                    

Lady Tory ဆီကနေ ထွက်လာပြီးတဲ့နောက်မှာတော့ Lady Stra ကို နှစ်သိမ့်ပေးဖို့အတွက် Poliana က သူမဆီကို သွားလိုက်သည်. ဧကရာဇ်က Stra ကို တမနက်ခင်းလုံး နှစ်သိမ့်ပေးထားတာကြောင့် ဒီအမျိုးသမီးက အများကြီးတည်ငြိမ်လာပုံရသည်. Stra က Poliana ကို တွေ့လိုက်ရလို့ ပျော်ရွှင်သွားပြီး Poliana ကတော့ အပြစ်ရှိသလို ခံစားနေရသည်. Stra က သူမကို ပြောလိုက်သည်.

"အရှင်က အရမ်းကြင်နာတတ်တာပဲ, ရှင်ကလဲ အရမ်းဂရုစိုက်ပေးတာပဲ Marquess"

Poliana က အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် သူမက Stra ကိုပိုပြီးနားလည်ကာ Stra ဘာတွေတွေ့ကြုံခဲ့တာလဲဆိုတာကို ကိုယ်ချင်းစာနိုင်တယ်လို့ သူမက ပြောချင်နေတာဖြစ်သည်.

'Gosh! ငါကတော်တော်လေးဆိုးတာပဲ...'

Rebecca နဲ့ စကားမပြောမိခင်အထိ Stra က အားနည်းပြီး အာရုံစိုက်မှုလိုချင်နေတာလို့သာ Poliana ကထင်ခဲ့တာဖြစ်သည်. Poliana က ကိုယ့်ကိုကိုယ် ကြောက်စရာကောင်းတယ်လို့ မတွေးမိပဲမနေနိုင်ပေ. သူမက ဘယ်လောက်ထိဆိုးရွားခဲ့လဲဆိုတာကို သတိပြုမိလိုက်တာကြောင့် ပိုဆိုးနေသည်. အခုအချိန်မတိုင်ခင်အထိ, သူမက ဒီအမျိုးသမီးတွေကို သေချာဂရုစိုက်ပေးခဲ့တယ်လို့သာ ထင်ခဲ့တာဖြစ်သည်. ဒါပေမဲ့ သူမစိတ်ထဲမှာတော့ သူမက သူတို့ထက်အများကြီးကောင်းတယ်လို့ ထင်နေခဲ့ပြီး သူမရဲ့ ဂရုစိုက်ပေးမှုတွေအတွက် သူတို့က ကျေးဇူးတင်သင့်တယ်လို့သာ ထင်ခဲ့တာဖြစ်သည်.

'ငါကတော်တော်လေးဆိုးတာပဲ တော်တော်ကြောက်ဖို့ကောင်းတဲ့လူပဲ'

ဒီကမ္ဘာမှာ သူမအမုန်းဆုံးလူက ဟန်ဆောင်တတ်တဲ့လူမျိုးဖြစ်သည်. Poliana က သူမကိုယ်သူမ ရှက်မိနေသည်. သူမက တီးတိုးပြောလိုက်သည်.

"ငါသွားတော့မယ် ဒါမှ မင်းအနားယူလို့ရမှာ Lady Stra"

"သွားတော့မလို့လား?"

"မင်းပင်ပန်းနေမှာပဲ ဒါကြောင့် ကိုယ့်ကိုကိုယ် အရမ်းဖိအားမပေးပါနဲ့"

Poliana က Stra ရဲ့ ကျန်းမာရေးကို စိတ်ပူဟန်ဆောင်ကာ အခန်းထဲကနေ အမြန်ထွက်သွားလိုက်သည်. Rebecca သူမကို ပြောခဲ့တာတွေကို သူမ မှတ်မိနေသေးသည်. Stra က Poliana ကို သဘောအကျဆုံးလူဖြစ်တယ်ဆိုတဲ့အကြောင်း Lady Rebecca က ပြောပြခဲ့ပြီး ဒီအချက်ကြောင့် သူမက ပိုဆိုးတယ်လို့ ခံစားမိနေသည်. မနေ့က တစ်နေကုန်ငိုထားတာကြောင့် Stra ရဲ့ မျက်လုံးတွေက နီရဲနေသည်. အပြစ်ရှိတာနဲ့ ရှက်ရွံ့နေတဲ့ ခံစားချက်တွေက Poliana ရဲ့ လေးလံတဲ့ နှလုံးသားထဲ ပြည့်နှက်နေသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now